မောင်မောင်ဦး - "ဦးဝင်းတင်"

"ဦးဝင်းတင်"
မောင်မောင်ဦး၊ ဧပြီ ၂၂၊ ၂၀၁၄

ဂဏန်းမျက်စိ
အာခိလိ ဖနောင့်...တဲ့ 

...ဖွတ်ကျောပြာစု
ခရုဆံကျွတ်
နွားငတ်ရေကျ တိုင်းပြည်..တဲ့ 

ဒီၤမိုကေရစီဆိုတာ...
ရောင်စုံပန်းတွေ နဲ့  ယက်ရှယ်ထားတဲ့  ကော်ဇော...တဲ့ 

တော်တဲ့  အစိုးရဆိုတာ
အုပ်ချုပ်နေမှန်းတောင် မသိဘူး..ဆို.တဲ့ 

ယုံတဲ့ အတိုင်းပြော
ပြောတဲ့ အတိုင်းလုပ်
လုပ်တဲ့ အတိုင်း ရေး
ရေးတဲ့ အတိုင်း...သင်ဖောက်တဲ့ လမ်း
အကျဉ်းထောင်ရဲ့  ကျောက်သားကြမ်းပြင်မှာ
(ဗွန်နီဗတ် ရဲ့  ခြေရာတွေလို)
သင့်...ခြေရာတွေ ထင်ခဲ့ ပြီ
လူသားရဲ့  သတ္တိကို ...အဆုံးစွန်အထိ ပြခဲ့ သူ

အို....လေးသမား ငဲ့ 
အို..သူရဲကောင်းငဲ့ 
လွတ်မြောက်ရာလမ်းကို
သင်...ရှာတွေ့ ခဲ့ လေပြီ...။ ။

( မောင်မောင်ဦး..၂၁.၄.၂၀၁၄..ည ၉း၀၀နာရီ)