ရေဝေးသုဿန်သမိုင်းကို ရိုက်ချိုးခဲ့သော ပြည်သူ့ဈာပနပွဲ
ကျော်သူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ဧပြီ ၂၄၊ ၂၀၁၄
၂၁.၄.၂ဝ၁၄ ရက်နေ့
နံနက် (၆း၃ဝ) နာရီအချိန်တွင် သံမဏိစိတ်ဓါတ်နှင့်လူသား
ဟု တင်စား ခေါ်ဝေါ်နေကြသော ဟံသာဝတီ ဘဘ ဦးဝင်းတင် ၏ ဈာပနအခမ်းအနား အစီအစဉ်ပြုလုပ်ရန်
ရန်ကုန်ဆေးရုံကြီး အဆောင် ၅/၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ
ဦး ဆောင်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား ရေဝေးသုသာန်သို့ သယ်ဆောင်ခဲ့ရာတွင် ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြက်ကြီးအား
ဦးခိုက်ပြီး ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် စက္ကန့်ပိုင်းမျှ
ရပ်နား၍ ရေဝေးသုသာန် အအေးခန်းသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ကြီးဖြင့်
ပို့ဆောင်ပေးခဲ့သည်။
ရေဝေးသုသာန်တွင်
သင်္ဂြိုဟ်မည့် အစီအစဉ်နှင့် ဂူသွင်းမည့်နေရာအား ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့နှင့် ကာယကံရှင် မိသားစုတို့မှ ညှိနှိုင်းဆောင်ရွက်ပြီး
နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူများတို့သည် အသင်းရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
အသင်းရုံး ချုပ်သို့ရောက်သည်နှင့်
တပြိုင်နက်တည်း ဘဘ ဦးဝင်းတင် ၏ ဈာပနတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ယူဆောင်ရွက်မည့်
နိဗ္ဗာန်ယာဉ်၊ Cool Box ၊ အုတ်ဂူမြေနေရာကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပြီး ဘဘ၏ ရုပ်ခန္ဓာအား
ထည့်သွင်းနိုင်ရန် အခေါင်းသေတ္တာများအား မိသားစုဝင် များတို့မှ ရွေးချယ်မှုပြုလုပ်ရာတွင်
ဘဘ၏ ခန္ဓာကိုယ် အချိုးအစား၊ အတိုင်းအထွာအရ ကျွန်တော် ကိုယ်တိုင် ဝင်ရောက်စေကာ တိုင်းထွာပြခဲ့ပြီး
ရိုးရှင်းမှုသာနှစ်သက်သည့် ဘဘအတွက် သာမန်ကျွန်း အခေါင်းသာ ရွေးချယ်အသုံးပြုခဲ့သည်။
ယနေ့ ၂၃.၄.၂ဝ၁၄
ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ထားသော ဘဘ ဦးဝင်းတင်
အား လွမ်းဆွတ်အောင့်မေ့ခြင်း၊ လွမ်းသူ့ပန်းခြင်းများအား ပြည်လမ်းရှိ ယုဒသာန်ခန်းမသို့
ပို့ဆောင်ပေးခြင်း၊ ဂရပ်ဖတီ အာကာကျော် တစ်ညအတွင်းအပြီး ရေးဆွဲထားသော ဘဘဦးဝင်းတင်၏
ပန်းချီကားအား ယုဒသာန်ခန်းမသို့ ပို့ ဆောင်ခြင်း၊ ဘဘ၏ ရုပ်ခန္ဓာအားသယ်ဆောင်မည့် နိဗ္ဗာန်ယာဉ်တွင်လည်း
ဘဘ၏ ပန်းချီကားချိတ် ဆွဲခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်
များမှ ဈာပနအခမ်း အနားသို့ တက်ရောက်လာမည့် ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့အတွက် အရေးပေါ်
ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန် လူနာတင်ယာဉ်နှစ်စီးဖြင့် ရေဝေးသုသာန်တွင် တာဝန်ချစေလွှတ်ထားခြင်း၊
ရွှေစင်စကြာင်္ ခရီးသွားမော်တော်ယာဉ်လိုင်းမိသားစုမှ ထုတ်လုပ်ဖြန့်ချီ လှူဒါန်းသော
600 ML ကျော် လွှားသောက်ရေသန့်ဘူး (၃ဝဝဝ) အား ဘဘ ဦးဝင်းတင် ၏ ဈာပနသို့ လိုက်ပါပို့ဆောင်သူများအား
ဝေငှပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ထို့နောက် နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု
အသင်း(ရန်ကုန်) ရုံးချုပ်မှ ရေဝေးသုသာန်သို့ နိဗ္ဗာန်ယာဉ်ကြီး မောင်းနှင်ခဲ့တော့သည်။
ဈာပနပို့ဆောင်လာကြသော
ကြက်ပျံမကျများပြားလှသည့် မိဘပြည်သူလူထုနှင့် မော်တော် ယာဉ်များပိတ်ဆို့နေသည့် လမ်းကြောင်းအတွင်းသို့
ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ရာ ရေဝေးသုသာန် ခန်းမ (၁/က) အရောက်တွင် နိဗ္ဗာန်ယာဉ်ကြီးသည်
စက်သေ၍ ထိုးရပ်သွားခဲ့ပြီး ဆက်လက်မောင်း နှင်၍ မရချေ။ စက်ပြင်များခေါ်ယူ၍ ပြင်ဆင်သော်လည်း
မော်တော်ယာဉ်ကြီးမှာ မည်သို့မျှ ပြန်လည် စက်နှိုး၍ မရချေ။ ထိုအချိန်သည်ကား နေ့လည် (၃းဝဝ)
နာရီအချိန်ဖြစ်နေပေပြီ။ ဘဘ၏ ရုပ်ခန္ဓာအား ဂူသွင်းမည့် အုပ်ဂူသို့ ပို့ဆောင်ရမည့်အချိန်မှာ
ညနေ (၅းဝဝ) နာရီဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်တစီးအား
ထပ်မံစေလွှတ်၍ ဘဘဦးဝင်းတင်၏ ရုပ် ခန္ဓာအား အချိန်မှီမော်တော်ယာဉ်၍ ဂူသွင်းမည့်နေရာသို့
ပို့ဆောင်ပေးခဲ့သည်။
ရေဝေးသုသာန်၌ ပူပြင်းလှသော
ရာသီဥတုကြောင့် မူးမေ့သွားသော အမျိုးသမီးလူနာနှစ်ဦးအား အရေးပေါ်လူနာတင် ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့
ပို့ဆောင်ကူညီပေးခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဈာပနအခမ်းအနားသို့
တက်ရောက်ဂါရဝပြုကြသည့် ကျောင်းသား လူငယ်၊ ပြည်သူလူထု၊ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့များအား
ဓါတ်ဆားဖျော်ရေများ ဖျော်၍ဝေငှပေးခဲ့ သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်ပြုလုပ်သော သာရေး/နာရေး
အခမ်းအနားများ၊ တွေ့ဆုံပွဲများ၊ လူထု အစည်းအဝေးပွဲများတွင် မြန်မာပြည်သူလူထု အများစု
သတိမထားမိသော အကျင့်ပါနေသော စွန့်ပစ် အမှိုက်များကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏
အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် မှဦးဆောင်၍ အမှိုက်များအား လိုက်လံကောက် သိမ်းပေးခြင်းတို့လည်း
ပြုလုပ်ခဲ့သည်။
ထိုမျှစည်ကားလှသော
တစ် ကြိမ်တစ်ခါမှ မတွေ့မကြုံဖူးသော၊ နိုင်ငံ့အကျိုးသယ်ပိုးသော၊ နိုင်ငံအပေါ်သစ္စာရှိရှိ
ပြည်သူအကျိုးလို လားသော၊ အမှန်တရားဘက်က ရပ်တည်သော၊ အကြောက်တရားမရှိသော သံမဏိစိတ်ဓါတ်လူသား
ဟံသာဝတီ ဘဘ ဦးဝင်းတင်၏ နောက်ဆုံးဈာပန အခမ်းအနားကြီးတွင် နိုင်ငံတော်တာဝန်ရှိသူများ၊
လူကြီးများအား လုံးဝ(လုံးဝ) မတွေ့ရှိရခြင်းမှာ အင်မတန်မှ ထူးခြားနေလေသည်။ ထိုလူကြီးများ
အမှန် တရားအား မချစ်မြတ်နိုး၍လား..?၊ အမှန်တရားချစ်မြတ်နိုးသူ၏ မျက်နှာအားမကြည့်ဝံ့၊
မမြင်ဝံ့၊ ရင် မဆိုင်ဝံ့၍လေလား..? တော့မသိပေ။ မော်တော်ယာဉ်တန်းများ၊ လူစုလူဝေးများအား
စနစ်တကျ လိုက် ပါပို့ဆောင်နိုင်ကြရန် နှိုးဆော်ခြင်းအား
ပြည်သူလူထုနှင့် ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတို့မှ မိမိတို့၏
ကိုယ်ပိုင် အသိစိတ်ဓါတ်တို့ဖြင့် ဦးဆောင်ပြုလုပ်သော အောင်မြင် စွာပြီးဆုံးခဲ့သော ဈာပနပွဲကြီးဖြစ်သည်။
ထိုဈာပနပွဲကြီးအပြီးတွင် ကျွန်တော် အတွေးတစ်ခုရလိုက် သည်။
သံမဏိစိတ်ဓါတ်သူသားကြီး
ဟံသာဝတီ ဘဘဦးဝင်းတင် တစ်ယောက် ကျွန်တော်တို့ ပြည်သူ လူထု၊ ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်းများအား
စိတ်မချ၍များ ကျွန်တော်တို့၏ နိဗ္ဗာန် ယာဉ်ကြီး ရေဝေးသုသာန်မှ ဂူသွင်းရာနေရာသို့ မောင်းနှင်၍
မရခြင်းများလား၍ပင်ဖြစ်သည်။ ကျွန် တော်သည် ဘဘ ဦးဝင်တင် အား တိုင်တည်ကတိပေးလိုက်မိသည်။
“ဘဘ၏ ခိုင်မာပြတ်သားသော
စိတ်ဓါတ်၊ တည်ကြည် သန့်ရှင်းသော ရဲသွေး၊ အမှန်တရားအား အကြောက်တရားမရှိ ရင်ဆိုင်နိုင်သော
စိတ်ဓါတ်၊ အများအကျိုးအတွက် စည်းလုံးညီညွတ်စွာ ဦးဆောင်နိုင်သော ခွန်အားတို့သည် ကျွန်တော်
တို့နှင့်အတူ ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့၏ အသွေးထဲအသားထဲစီးဝင် ရှင်သန်နေသည်ကို
ဘဘ၏ ဈာပန အခမ်းအနား၍ သက်သေပြုသွားနိုင်သည်ဟုပင် ဖြစ်တော့သည်။
ရေဝေးသုဿန်သမိုင်းတွင်
တစ်ကြိမ်တစ်ခါမျှ ဤမျှလောက်စည်ကားမှုကိုကား မမြင်မတွေ့မိ ချေ။ ထို့ကြောင့် ရေဝေးသုဿန်သမိုင်းအား
ရိုက်ချိုးခဲ့သော ပြည်သူများ၏ ကြေကွဲစွာဖြင့် သူရဲကောင်း ၊ ပြည်သူများ၏ စံပြအာဇာနည်ကြီး၏
ပြည်သူ့ဈာပနပွဲဟူ၍ ဂုဏ်ပြုဦးညွှတ်လိုက်ရပါတော့သည်။
ကျော်သူ























