ချမ်းမြ (မိုးမခအထောက်တော်) - မေးမြန်းခွင့်မရှိသည့် သတင်းစာရှင်းလင်းပွဲတရပ် သဲကုန်းတွင် ကျင်းပ

မေးမြန်းခွင့်မရှိသည့် သတင်းစာရှင်းလင်းပွဲတရပ် သဲကုန်းတွင် ကျင်းပ
ချမ်းမြ (မိုးမခအထောက်တော်)
မေ ၂၁၊ ၂၀၁၄
 

၂၀၁၄ ခုနှစ် မေလ ၁၈ ရက်နေ့က ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့က လှည့်လှည်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ကိုကောင်းထက်ကျော် ခေါင်းကွဲခဲ့ရသည့်အပေါ်နှင့် အခြားသူများဖြစ်သည့် ဒေါ်ညိုနှင့် ဦးခင်အောင်ဝင်းတို့အား ပေါင်း တည်ထောင် သို့ပို့လိုက်သည့်ကိစ္စတို့နှင့် ဆက်စပ်ပြီး သက်ဆိုင်ရာအာဏာပိုင်တို့က မကျီးဇင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ မိမိတို့အနေဖြင့် အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းမဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။ 


စုစုပေါင်း လူဦးရေ ၁၇၀ ခန့်တက်ရောက်ခဲ့တဲ့ အဆိုပါပွဲမှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တို့က ပြန် လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။


အဆိုပါပွဲမှာ လယ်သမားတွေရဲ့ ဆန္ဒဖော်ထုတ်နေသည်ကို ဆူပူမှုသဖွယ်မှတ်တမ်းတင်ထားသည့် ဗွီဒိုယိုဖိုင်ကို ပြသခဲ့ပြီး အကြမ်းဖက် ဖမ်းဆီမှုများကို ပြသခြင်းမရှိပဲ ထိန်ချန်ထားသည့်အတွက် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုမရှိဟု အဆိုပါအခမ်းအနားကို တက်ရောက်ခဲ့ သည့် လူ့အခွင့် အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောပါတယ်။


လယ်သမားအရေးဆောင်ရွက်နေသူတဦးကလည်း အာဏာပိုင်တွေအနေနဲ့ မေးသည့်မေးခွန်းများကို ဖြေကြားခြင်းမရှိသည့်အပြင် တကယ့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် အောင်ကုန်းကျေးရွာလယ်သမားတွေကို ရှင်းလင်းခြင်းမဟုတ်သည့်အတွက် ပြည်သူတွေကို လိမ်ညာဖို့ ပြုလုပ်နေခြင်းသာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။