ဦးဝင်းတင်နဲ့မစ္ဆရိယတရား
(သတင်းစာဆရာတစ်ဦး)
(ဦးဝင်းတင်နဲ့နေထိုင်ခြင်း)
ကိုရာဇာ၊
မေ ၂၈၊ ၂၀၁၄
(ဟား…ဟား….)
(ဟီး….ဟီး…)
(ထွီး…ထွီး….ထွမ်း…ထွမ်း)
စကားအစရှာမရ တဟားဟား တဟီးဟီး တထွီးထွီး တထွမ်းထွမ်း
နဲ့ ဗမပြည်ရာသီအကူးအကြမ်းမှာ မောင်ရာဇာ ရူးရမ်းနေပြီမထင်လိုက်ပါနဲ့ အယ်ဒီတာမင်းခင်ဗျား။
ဒီလိုဗျ တဟားဟားဖြစ်ရတာက ၀မ်းသာလုံး ဆို့နေတာ နေရာကဗိုလ်စိန်မှန်ကွင်း…အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲကြီးပေါ့ဗျာ။
ကျနော်တို့လူထု ခေါင်းဆောင်နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေ ရွှေလက်တွဲလူထုတရားပွဲနွှဲနေလိုက်ကြတာများ
အဘ ဦးဝင်းတင်ရှိဘယ့်ကလောက်များ ၀မ်းမြောက်မလည်းစဉ်းစားမိတာပါ။ လူထုပရိတ်သတ်အပေါင်း
ရဲ့စိတ်ဇောကို ကြည့်ပြီး အဘရှိဘယ်လောက်ပီတိဖြစ်လေမလည်းပေါ့….နောက်ဒီလိုလုပ်စေ့ချင်တဲ့အဘစေတနာကိုသတိရပြီး
အဘကိုယ်စားအဘကိုယ်ပွားဝမ်းသာ အားရဖြစ်နေမိတာပေါ့။ အဲ့ဒါကြောင့်ဟား..ဟား…။
ဒီမြင်ကွင်းဒီသတင်းတွေကို အဘဆီပြေးပြောချင်စိတ်တွေပွားလာတယ်ဗျာ…ဘယ့်နှယ်ပြောတော့မ
လည်း သေချာတာတစ်ခုက အဘရေးတဲ့စာ အဘပြောစကား အဘနိုင်ငံရေးတရားမှာဒီလိုဖြစ်စေ့ချင်တယ်ဆို
တာငြင်းမရဘူးဗျ။ အဘသတိရစိတ် တလိပ်လိပ်တက်လာတော့ကာ ရင်ထဲနာတယ်ဗျ အဲ့ဒါကြောင့်ချုံးမဲချငိုသွား
မိတာ…အဲ့ဒါကြောင့် တဟီးဟီးနဲ့ငိုကြီးချက်မပေါ့…။
ဒီလူထုပရိတ်သတ်နဲ့ စင်ပေါ်ခေါင်းဆောင်များ
တွဲလက်ညီ ဒီမိုကရေစီခရီးချီပါတော့မလား မုဒိတာစိတ် ကလေးပွားပြီးအထွက် ကျနော်တို့မိုးမခအထောက်တစ်ယောက်နဲ့တိုးပါရော့လား။
သတင်းဆိုးတစ်ခုတိုးပြီး လာပြောတယ်။
“အကို့ကို လူတစ်ယောက် လာကန့်ကွက်နေတယ်…”
“ဘာ….ဘာကိုပြောသလဲ
ငါ့ကောင်ရ။”
သူကလည်း ဒေါသတကြီးဆိုတော့ စကားတစ်ခွန်းနဲ့တစ်ခွန်းအတော်
ပြောယူနေရတယ်။
“အကိုရေးတဲ့စာတွေကို
အဘက သဘောကျတာမဟုတ်ဘူး၊ ခင်ဗျားတို့မိုးမခမှာ မထည့်ပါတော့နဲ့ လို့လာပြောတယ်။”
“ကဲ … ငါ့ကောင် တော်တန်တိတ်၊ ငါ့တစ်ယောက်ချင်း နားဝင်မခါး၊
စကားမချို မလိုတမာ အောက်တန်းစားစကား … ဘယ်အကောင် ပြောလဲ၊ ဘယ်အကောင်မပြောလဲ … ငါမသိဘူး၊
မသိချင်ဘူး။ ငါ့တစ်ယောက်ချင်းအတွက်တော့ ပျင်းစရာကောင်းတယ်။ ဒါပေမယ့် ဒို့အသိုက်အ၀န်းအတွက်
ပျင်းစရာမကောင်းတဲ့ သတင်းစာအဟောင်းတိုက်ကွက်တွေကွ။”
သူကလည်းသဘောပေါက်ပါတယ်။
“
ဒီအသံ ဒီအကြံတွေဟာ ထောက်(ထောက်လှမ်းရေး)ပြုတ် တွင်းဟောင်းမှာ အောင်းနေတဲ့အသံကွ….။ ဒီအကြံဒီဉာဏ်တွေဆိုတာ စစ်တပိုင်းအစိုးရ အသုံးချနေကြ
အလံရှူးတွေ၊ ငါတို့ဒီမိုကရေစီဘက်တော်သားများ သတိသာထားပေတော့။ ထောက်ပြုတ်အကြံ စစ်အသံ
ငါတို့အတွင်းလာလျှံနေပြီ သတိသာထားပေတော့ ငါ့ကောင်ရေ။ ဒေါသမထွက်လေနဲ့…”
အထောက်တော်ကိုသာ
သတိပေးလိုက်ရတာ ကျနော်ကိုယ်တိုင်တဆတ်ဆတ်တုန်တယ်။ ဘယ်ကောင် ဘယ်ကောင်မ အာချောင်ကြသလဲ
ပေါ့လေ….။ စုံစမ်းရမယ်၊ ဒီအလှမ်းဟာ စစ်အလှမ်း ထောက်အကမ်းတွေပဲ ဒီစကား ဒီလိုနားသွင်းလာတာအကြောင်းရှိတယ်။
သတိထားရမယ်ဆိုပြီးဒေါသကြီး နေတုန်း အဘအပြုံးစကားက နှလုံးသားကိုလာရိုက်ခတ်ပါတယ်။
ကဲ…. ကဲတော်ပြီ။ ဒီနားဝင်၊ ဟိုဖက်ကထွက်ပေတော့။
ဒီလိုကလေက၀ အခြေအမြစ်မပါစကားဆိုတာ စစ်အစိုးရ၀ါဒဖြန့် သတင်းစာတွေမှာ ဟိုးအယင်ကတည်းက
ယဉ်ပါးပြီးသားပဲ။ တဆိတ်တအိတ်လုပ်ပြော မလိုတမာသဘောတွေဆိုတာ စစ်အစိုးရအာဘော်တွေမှာ ထင်းပြီးသား၊
လင်းပြီးသား၊ရှင်းပြီး ပြတ်ပြီးသား မဟုတ်လား။ ဒီတစ်ခါ စိတ်နည်းနည်းဆိုးတာက အဘနာမည်
လာအသုံးချနေလို့သာ။ ဒီလို မလိုတမာ အောက်တန်းစားစကားလုံးတွေဆိုတာ စစ်အစိုးရ၀ါဒဖြန့်တိုင်းသိပြည်သိ
အရှက်မရှိလုပ်ခဲ့တာကလား….။ အခုလည်းဇာမ်းလမ်းဆင် လမ်းထွင်လာပြန်ပေါ့လား။ ဒီလိုစဉ်းစားမိပါတယ်။
အဘကြောင့် ကျနော် ဒီအတိုင်းနေလိုက်တယ်ဆိုတာ
ပြောမယ်ဗျ….။ အဘက ရန်ဖြစ်ခြင်းကိုမုန်းတယ် မဟုတ်ကဟုတ်ကတွေပြောရတာလည်း မောလှပါတယ်။ ဘူးလက်တို့…၊
နယ်လှည့်ပါးရိုက်မယ်တို့ဆိုတုန်း က အဘပြောတာလေးသတိရသေး။
“
ငါ့ကောင် ဘယ်လိုလုပ်မလဲကွာ။ ဒီကောင်တွေ ဒီလိုအောက်တန်းကျ ပြည်သူကိုဆဲပြနေတာ … ငါ့အနေနဲ့
မတုံ့ပြန်လဲ မကောင်းဘူး၊ တုန့်ပြန်လဲ သူတို့အရေးပါ အရာသွင်းသလို ဖြစ်နေမှာကွ။ ခုတော့
ငါစဉ်းစားမိတာ ဒီကောင်တွေ တမင်ပြောနေတာကွ။ ပြန်မပြောလို့မဖြစ်ဘူး။ ငါက ရန်ဖြစ် တာ ဘာညာ
ဝါသနာမပါဘူးကွ …” ဆိုပြီး အတိတ်က အဘအနေအထိုင်တွေကို
ကျနော် ကြားချင်သမျှ နားဆင်ရ တော့တာပေါ့ဗျာ။
“ငါက ဒီလိုကွ။ ငါ ငယ်ကတည်းက ကျောင်းသားသမဂ္ဂတွေမှာ
ခေါင်းဆောင်တယ်။ ဟိုအုပ်စု၊ ဒီအုပ်စုဆိုတာ ရှိနေတာပဲ။ ငါကတော့ အချင်းမများအောင်နေတယ်။
ညှိနှိုင်းပေးတယ်ပေါ့ကွာ။ သူက ဥက္ကဌဆို ဟိုအုပ်စုအတွင်း ရေးမှူးလောက်နဲ့ ညှိပေါ့။ တကယ်တမ်း
ညှိနှိုင်းရင် အဆင်မပြေစရာမရှိပါဘူး… ။ နောက် တက္ကသိုလ်တက်တယ်။ နောက် စာပေဗိမ္ပာန်ဝင်လုပ်တယ်။
သတင်းစာလောက ရောက်တယ်ကွာ။ အခုလိုပဲ လူတွေ ဟိုပြော ဒီပြော ။ နောက် … ငါ့တိုက်ပိုင်ရှင်ကအလံနီ။
ငါကတော့ (ဗ.က.ပ) နဲ့လည်းပေါင်းတာပဲ။ သူတို့ စာမူလည်းသုံးတာပဲ။ တချို့သဘောမကျဘူးပေါကွာ။
သဘောမကျတာ ငါ့ကို … ဆိုတာထက်ကို ငါစာမူထည့်လိုက်တဲ့လူတွေကို သဘောမကျတာ ပိုများတယ်။
ငါကတော့ကိစ္စမရှိပါဘူး ကောင်းတယ်ဆိုသုံးတာပဲ။ ငါကနိုင်ငံရေးလည်း ကင်းအောင်နေတယ်ကွ။ ဆိုလိုတာကငါ့
အနေအထိုင်အပြောဆို အလုပ်အကိုင် သဘောမကျတာ ရှိကောင်းရှိမယ်။ ငါ့စာတွေကို ဆန့်ကျင်တာ
ရှိကောင်းရှိမယ်။ ငါနဲ့ ရန်ဖြစ်နေတဲ့လူဆိုတာ မရှိဘူးကွ။ အေး … ငါနဲ့မတည့်ဘူးလို့ ပြောလို့ရတာ
ကို(…………..) ပဲ ရှိတယ်။ အဲ့ဒါလည်း ငါ့ဖက်က ဘာမှဖြစ်တာမဟုတ်ဘူးကွ။ သူ့ဖက်ကသာ တစ်ဖက်သတ်လိုက်ဖြစ်နေတာ…။”
အဲဒီစကားပြောပြီးတော့ အဘ လေသံပြတ်သွားတယ်။
ကျနော့်ကိုအကြောင်းရာတစ်ခု ပြောသင့်မသင့် ချင့်ချိန်နေဟန်တူပါတယ်။ (ဒီလူကွာ) …. ဆိုလိုက်…
အသံခနပြတ်သွားလိုက်ပေါ့။ ကျနော်လည်း အလိုက်တသိ နား စွင့်နေတာပေါ့ဗျာ။
နောက်တော့
“မင်းကြားဖူးသလား …” တဲ့ … အဆက်စပ်မရှိစကားတစ်ခွန်းမေးတယ်။ “ဘာကိုလဲ အဘ …” ဆိုတော့
…
“ပထမဆုံးအမျိုးသားစာပေဆုပေးတော့
ငါ့စာအုပ်ကိုပေးဖို့လုပ်ကြသေးတယ်။ ဆရာကြီးဇ၀နတို့ ဘာတို့ပေါ့ကွာ….” တဲ့။
“ကျနော်
အဲ့ဒါတော့ မကြားဖူးဘူး၊ အဘ” ဆိုတော့ … ကမ္ဘာနီတွင်တဒင်္ဂ စာအုပ်ရေးဖြစ်သွားပုံ အသေးစိတ်ကို
ပြန်ပြောပြသေးတယ်။ (အဲ့ဒါသီးခြားရေးအုံးမယ်စိတ်ကူးထားတယ်)
“အဲ့ဒီနှစ် ပထမဆုံးအမျိုးသားစာပေဆုပေးမယ်
… လုပ်ကြတော့၊ ငါ့စာအုပ်ကိုပေးမယ်ပေါ့ကွာ။ ဒါပေမယ့် ကန့်ကွက်တဲ့ လူနှစ်ယောက်ပေါ်လာတယ်။
ငါကတော့ မသိဘူးပေါ့ ။ ငါ့အပေါင်းသင်းတွေ ပြန်ပြောလို့သိတာ။ တစ်ယောက်က နိုင်ငံရေးကော
သတင်းစာလောကကော ထင်ရှားတဲ့တစ်ယောက်။ နောက်တစ်ယောက်က ခုန ငါပြောတဲ့ (ကို……………..)။ ဒီတော့
နိုင်ငံရေးသမားသတင်းစာဆရာ ကန့်ကွက်တာက ကျိုးကြောင်းညီညွတ်ပါတယ်။ ကျနော်တို့က ဆိုရှယ်လစ်စနစ်ကြီးကို
ချီတက်နေချိန်မှာ ဒီလိုဆိုရှယ်လစ်စနစ်အပေါ် ဝေဖန်ထိုးနှက်မှုတွေပါတဲ့ စာအုပ်မျိုးကို
နိုင်ငံ့အဆင့် ဆုပေးလိုက်မယ်ဆိုရင် အခြားဆိုရှယ်လစ်နိုင်ငံများနဲ့ ချစ်ကြည်ရေး ထိခိုက်မယ်ပေါ့။
ကျိုးကြောင်းသင့်ပြောနေချိန်မှာ ခုနလူက အတော်လေးသောင်းကျန်း နေတာဆိုပဲကွ။ အသားလွတ်ကို
ဒီစာအုပ်ကိုမပေးသင့်ဘူး … ဘာညာပေါ့။ သူကန့်ကွက်တာကျတော့ - လူဖြစ်တဲ့ငါ့ကို ကန့်ကွက်နေတာ။
အဲ့ဒါကြောင့် ငါပြောတာ … ငါနဲ့မတည့်ဘူးလို့ပြော … ဒီလူတစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် ငါ့ဖက်ကမဖြစ်ဘူးနော်။
သူ့ဖာသာ တစ်ဖက်သတ်ဖြစ်နေတာ …”
အင်း … ဒီအကြောင်းအခြင်းရာတွေသာ ခေါင်းထဲပြန်မပေါ်လာရင်
ကျနော် ရန်ပွားမိတော့မလားပဲ။ အဘလို သူတော်စင်စိတ်ထား သူတော်ကောင်းတရား လက်ကိုင်ထားသူ
လူတစ်ယောက်ကိုတောင် ဒီလိုတစ်ဖက်သတ် လိုက်ရန်ဖြစ် မစ္ဆရိယစိတ်ထားနေမှတော့ … ငါလိုအကောင်စား
ဒီလိုများနေအုံးမှာပဲလို့ တရားနဲ့ဖြေလိုက်ရတာပေါ့ ငါ့လူရာ။ ကျနော်နားလည်ထားတာကတော့ မစ္ဆရိယစိတ်ထားဟာ နိဗ္ဗာန်တားတယ်
ဆိုလားပဲ….။