ကျော်ဟုန်း - အချစ်များနဲ့ သစ်စေသတည်း

အချစ်များနဲ့ သစ်စေသတည်း
ကျော်ဟုန်း
မေ ၈၊ ၂၀၁၄



ဆုံးဖို့ အတွက်
စခဲ့တယ်။

ပြီးတော့
ဆုံး
ပြန် စတယ်။

အဆုံးဟာ
ဟောင်း

အစဟာ
သစ်လွင်။
(ဒီလို ယူဆ)

ဒီလိုနဲ့ 
အစနဲ့ အဆုံး
အဆုံးနဲ့ အစ
ဆပွား ချဲ့ ကားမ
ချာလည် ပတ်လည်ရင်း ...။

ကမ္ဘာဟာ သစ်ခဲ့တယ်။
ယဉ်ကျေးမှုတွေ သစ်ခဲ့တယ်
(မင်းလဲ သစ်တော့....)

 ဒါပေမဲ့ ...
သစ်ချင်သူမှန်သမျှ
အချစ်တော့ လိုမယ်။

ဒီအချစ်ကို
ရေ မထိုးနဲ့ 
လေ မထိုးနဲ့ ။   ။