ဆောင်းလူ - သို့မဟုတ် (သို့မဟုတ်) ဆင့်ကဲဖြစ်စဉ်များ

သို့မဟုတ် (သို့မဟုတ်) ဆင့်ကဲဖြစ်စဉ်များ
ဆောင်းလူ ။ မေလ ၁၊ ၂၀၁၄

++++

လေလွင့်သူ
သို့မဟုတ် ...
အိမ်မကပ်သူ
သို့မဟုတ် ...
အိမ်ပြေး
သို့မဟုတ် ...
ပြည်ပြေး

++++
အရက်နာကျကျနေတဲ့ ငှက်များ
သို့မဟုတ်
အားအားယားယား အာနေတဲ့ ငှက်များ
သို့မဟုတ်
ပစိပါးစပ်များနေတဲ့ ငှက်များ
သို့မဟုတ် ...

+++

ဒီနေ
နေမသာတဲ့ မနက်
သို့မဟုတ် ...
အလုပ်ရှုပ်နေတဲ့ မနက်
သို့မဟုတ် ...
ပြတိုက်ထဲက မနက် ...
သို့မဟုတ် ...
သကောင့်သားတွေ အနားယူနေတဲ့ မနက်
သို့မဟုတ် ...
ကပ်ပါးကောင်တွေ ပွားများရာ မနက်
ထိုသို့မဟုတ် ... သို့မဟုတ်များထဲကမှ ...
ကိုယ့်လိပ်ပြာ ကိုယ်မသန့်တဲ့ ... သို့မဟုတ်ဆီသို့ ...