ပီနန်ဆရာတော်ကြီး ဦးပညာဝံသ
မောင်စွမ်းရည်၊ မေ ၁၄၊
၂၀၁၄
ဒီတပတ်
ကျနော်တင်ပြချင်တာကတော့ ဦးပညာဝံသဘွဲ့ခံ ပီနန်ဆရာတော်ကြီးအကြောင်း ဖြစ်ပါတယ် ။ ခုအခါ
ဆရာတော်ကြီးဟာ ဗမာပြည်ကို ခေတ္တပြန်လည် ကြွရောက်သီတင်းသုံးနေပါတယ် ။ ခုဆရာတော်ကြီး သွားရောက်
သီတင်းသုံးတော်မူတဲ့ မဟာသန္တိသုခကျောင်းဆိုတာ ဆရာတော်ကြီးတည်ထောင်ခဲ့ကြောင်း ဟိုးလေးတကျော်မို့လူတိုင်းသိပါတယ်
။ လူတိုင်းမသိလိုက်ရတာက စစ်ဗိုလ်ဟောင်းကြီးတယောက်အကူအညီ ပေးပါရစေဆိုပြီး ၀င်လာတာပဲ
။ ပြီးတော့ ဘိလပ်မြေဖိုး၊ သဲဖိုး ၊သံဖိုးတွေထဲက
ငွေတွေ ကဲ့ယူသွားတာကို ဆရာတော်ကြီးက အကျယ်အကျယ် မငြိမ်းဖွယ်မဖြစ်အောင် အဲဒီစစ်ဗိုလ်ဟောင်းကြီးကို
ငြိမ်ငြိမ်ကလေး နောက်ဆုတ် သွားခိုင်းလိုက်တာပါပဲ ။ သတင်းစာထဲတော့ မပါလိုက်ဖူးပေါ့ ။
လူသတင်းလူချင်းဆောင်လာတာလေး နည်းနည်းပါးပါးကြားလိုက်ရတာပါ။
ဆရာတော်ကြီးဟာ ခုအခါ သက်တော်၈၆ ၊ ၀ါတော် ၆၆၀ါမျှ
ရှိပါပြီ သက်တော် ၂၅နှစ်လောက်မှာ ဓမ္မစရိယဘွဲ့ကို
ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ် ။ ဒီနောက်အစိုးရက သာသနာပြုရန်ကိုကိုးကျွန်းကို လွှတ်ခဲ့ပါတယ်။
အဲဒီကမှ အက်ဒမန်ကျွန်း သီရိလင်္ကာနဲ့ အိန္ဒိယတောင်ပိုင်းထိ သာသနာပြုခရီးဆက်ခဲ့သည် ။ သာသနာပြုအဖွဲ့
၁၃ဖွဲ့ကို ကြီးကြပ်တော်မူခဲ့ပါတယ် ။ ဒီနောက်ဗမာပြည်ကို ၄-၅ နှစ်လောက် ပြန်လည်သီတင်းသုံးရင်း
စာဝါများပို့ချ နေရာက - မလေးရှားပြည် ၊ ပီနန်ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးမှာ ဆရာတော်လစ်လပ်နေတဲ့အတွက်
အစိုးရကရွေးချယ်ပြီး ၊ သာသနာပြုတာဝန်ပေးအပ်တာကို ခံယူခဲ့ရပါတယ် ။ ဆရာတော်ကြီးဟာ လော့စ်အိန်ဂျလိစ်က
အရှေ့ပိုင်းဘာသာရပ်များ တက္ကသိုလ်မှာ ဗုဒ္ဓအဘိဓမ္မာ ဘာသာရပ်များကို ပို့ချခဲ့ရဖူးပါတယ်
။ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာဗမာဘုန်းကြီးများအဖွဲ့ကိုလဲ ပြည်ပမှာ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါတယ်။
ဆရာတော်ကြီးသာသနာပြုပုံက
ထူးခြားပါတယ်။ နိုင်ငံပေါင်း၂၀လောက်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေ တည်ထောင်ပြီး
အင်္ဂလိပ်စာတတ်တဲ့ ဗမာဘုန်းကြီးများကို ကျောင်းအပ်တော်မူပါတယ် ။ အမေရိကန်ပြည်ထောင်စုမှာကိုပဲ
ချီကာဂို၊ နယူးယောက် လော့စ်အိန်ဂျလိစ်လိုမြို့ကြီးတွေမှာ ဘုန်းတော်ကြီးကျောင်းတွေ တည်ထောင်
ပေးထားတာတွေ တွေ့ရပါတယ်။ ကေနဒါနုိင္ငံ ၊ ၾသစေတ်းလ် ၊ စကၤာပူ ၊နယူးဇီလန် ၊ ဂျပန် ၊ ဂျာမဏီ
၊ ပြင်သစ် ၊ နေသာလန် စတဲ့နိုင်ငံတွေမှာလဲ ကျောင်းတွေ ဆောက်လုပ်တည်ထောက်ပေးခဲ့ပါတယ်
။ နိုင်ငံတော်အစိုးရ မလုပ်နိုင်တာမျိုးကို ဆရာတော်ကြီးက လုပ်ပေးနေတာဖြစ်ပါတယ် ။
ဒီလိုဆောင်ရွက်တော်မူတာဟာ
ကိုယ်ကျိုးကိုယ်စီးပွါး ဘာမှဖြစ်စရာမရှိပါဘူး ကျောင်းတွေကိုလဲ ဆရာတော်ကြီးရဲ့ဘွဲ့အမည်ကို
အလှူရှင်အဖြစ် ကဗ္ဗည်းမထိုးပါဘူး ၊ ဒီလို ဗမာဘုန်းတော်ကြီးကျောင်းတွေ တည်ထောင်ပေးတော်မူတဲ့အတွက်
ကမ္ဘာအရပ်ရပ်ကို လွင့်စင်ရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဗမာလူမျိုး တွေရဲ့ ခိုလှုံ စုဝေးအားထားရာလဲဖြစ်စေပါတယ်။
နယူးယောက်က ဘုန်းတော်ကြီးကျောင်းကြီးတွေဟာ နှစ်ဧကမျှကျယ်တဲ့ မြေမကွက်ကြီးအတွင်းမှာ သုံးထပ်ကျောင်းကြီး ပါဝင်ပါတယ်။
အဲဒီကျောင်းကြီးကိုလဲ ဆရာတော်များအလှည့်နဲ့ ပို့လွှတ်ပြီး တရားစခန်းများလဲ ဖွင့်လှစ်ပေးနေ
ပါတယ်။ဒီလိုသာသနာပြုပုံမျိုးကို ကျနော်တို့ခုမှတအံ့တသြသိရပြီး ၀မ်းမြောက်ဝမ်းသာ သာဓုနမော်ခေါ်ကြရပါ
တယ်။
ဆရာတော်ကြီးက ဗုဒ္ဓဘာသာဝင်လက်စွဲစာအုပ်တွေကိုလဲ
အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုပြုစုထားတာ ဆယ်အုပ်မျှရှိမယ်ထင်ပါတယ် ။ သာသနာပြုရာမှာ ကျောင်းရယ်
တရားစာအုပ်ရယ် ၊ သာသနာပြုရဟန်းရယ် သုံးခု ပြည့်စုံမှ အဆင်ပြေနိုင်မယ်ထင်ပါတယ် ။ ဒီသုံးမျိုးလုံးကို
ဆရာတော်ကြီးက ပြုစုပျိုးထောင်ပြီး နိုင်ငံတကာမှာ သာသနာပြုနေပါတယ် ။ ဗမာပြည်မှာ သာသနာပြုဆရာတော်ကြီးများ
သတင်းသုံးစရာနေရာမရှိ ရင်လည်း ဆရာတော်ကြီးက ဆောက်လုပ်လှူဒါန်းပေးမှာ မလွဲပါဘူး ။ သာသနာပြုပီနန်ဆရာတော်ကြီး
ဦးပညာဝံသစိတ်ချမ်းသာစွာနဲ့ သာသနာပြုနိုင်ရေးကို ပြည်တွင်းကဆရာတော်များ ဒကာတော်များက
ဝိုင်းဝန်းကူညီနိုင်ကြပါစေသတည်း။
၂၀၁၄ ဧပြီ
၂၆
နယူးယောက်။
နောက်ဆက်တွဲအဖြစ်
ကျနော်သိရှိသမျှ ဆရာတော်ကြီးဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများ နဲ့ ဆရာတော်ကြီးအင်္ဂလိပ်ဘာသာနဲ့ပြုစုခဲ့တဲ့ ဗုဒ္ဓစာပေများကိုဖေါ်ပြလိုကပါတယ်
၁။ ၁၉၇၉ နှစ်
၊ မှာအမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား ၊ လောစ်အိန်ဂျလိစ်မြို့မှာ ဆောက်လုပ်တည်
ထောင်ခဲ့တဲ့ “ဗုဒ္ဓဘာသာ ဗမာဘုန်းကြီးကျောင်း”။
၂။ ၁၉၈၆ခုနှစ်၊
သြစတျေးလျှ ၊ ဆစ်ဒနီမြို့မှာ “ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း” ။
၃။ ၁၉၈၇ခုနှစ်
၊ အမေရိကန်ပြည်ထောင်စု ၊ ချီကာဂိုမြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
၎။ ၁၉၈၇ ခုနှစ်
၊ ကနေဒါနိုင်ငံ ၊ တိုရန်တိုမြို့ ၊ မဟာဓမ္မိက ၊ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
၅။ ၁၉၉၁ ခုနှစ် ၊ စင်္ကာပူနိုင်ငံ ၊ ဗမာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
၆။ ၁၉၉၉ခုနှစ် ၊ မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမြို့၊
မြန်မာမလေးရှား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း
၇။ ၁၉၉၉ခုနှစ် ၊ ဗမာနိုင်ငံ၊ ရန်ကုန်မြို့၊ မဟာသန္တိသုခဗုဒ္ဓသာသနာ ဗဟိုဋ္ဌာနကျောင်းတော်
၈။ ၂၀၀၂ခုနှစ် ၊ နယူးဇီလန် ၊ အောက္ကလန်၊ ရတနာဒီပ
ဗုဒ္ဓသာသာဘုန်းတော်ကြီးကျောင်း
၉။ ၂၀၁၃ခုနှစ် ၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊
ဗုဒ္ဓဒီပန်ကျောင်းတိုက်။
ကျနော်ရောက်ဖူးသမျှနိုင်ငံတွေမှာ မြန်မာအစိုးရက
ဆောက်လုပ်လှူဒါန်းတဲ့ကျောင်းတို့ ၊ မြန်မာနိုင်ငံ မဟာသံဃနာယက ဆရာတော်ကြီးများ ဆောက်လုပ်လှူဒါန်းတဲ့ကျောင်းတို့
မကြားဖူးခဲ့ပါ ။
ပီနန်ဆရာတော်ကြီး အင်္ဂလိပ်ဘာသာနှင့်ပြုစုထားတဲ့
ဗုဒ္ဓဘာသာလက်စွဲစာအုပ်များ
1/1973 Hand book of Buddhist Recitation
2/1976 The Essential of Buddhism
3/1990 Dhammikarrama Abhidhamma Pali Chating
4/1995 The Ten Perfections
5/ 1998 The Book of Pairs (Yamaka) Vol.1
6/1999 The Literal Teaching of the Buddha
Part 1
7/2000 The Compedium of Buddhism
8/ 2002 Dawn of Buddhism
9/ 2003 Maha Paritta Saered Verses
မုဒိတာပေါ် ၊ သာဓုခေါ်နိုင်ကြပါစေသော်
မောင်စွမ်းရည်