ပါဆယ်ထုတ်ထဲမှာ သံလွင်တစ်ခက်ဖြစ်ဖြစ် မြွေတစ်ကောင်ဖြစ်ဖြစ် ကိုယ်ရဲ့ ၂၀၁၅ ကို အခုမဖွင့်ဘူး
မိုးပြေး
မေ ၉၊ ၂၀၁၄
မိုးပြေး
မေ ၉၊ ၂၀၁၄
illustration by Aung Htet
ဟစ်တလာ သေတဲ့အထိ
သူ့ ချစ်သူကို
တစ်ကမ္ဘာလုံး မသိခဲ့သလိုမျိုး
ဝှက်ထားမယ်
အိပ်မက်ထဲမှာ ရတဲ့လက်ဆောင်ကို
လက်တွေ့မှာ ဖောက်မကြည့်ပဲထားမယ်
တစ်ခါတစ်လေ ဖောင်းပွခြင်းက
အန္တရာယ်ပိုများတယ်
တကယ်ဆို လျှို့ဝှက်ခြင်းဟာလည်း
ပညာရှိဆန်တဲ့ နေထိုင်မှုတစ်မျိုးပဲမဟုတ်လား ။
ဟစ်တလာ သေတဲ့အထိ
သူ့ ချစ်သူကို
တစ်ကမ္ဘာလုံး မသိခဲ့သလိုမျိုး
ဝှက်ထားမယ်
အိပ်မက်ထဲမှာ ရတဲ့လက်ဆောင်ကို
လက်တွေ့မှာ ဖောက်မကြည့်ပဲထားမယ်
တစ်ခါတစ်လေ ဖောင်းပွခြင်းက
အန္တရာယ်ပိုများတယ်
တကယ်ဆို လျှို့ဝှက်ခြင်းဟာလည်း
ပညာရှိဆန်တဲ့ နေထိုင်မှုတစ်မျိုးပဲမဟုတ်လား ။