ရန်နောင် (ဗိုလ်တထောင်)- ဘုန်တော်ကြီးသင်ပညာရေးကျောင်းများထောက်ပံ့နိုင်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပမည်
ဘုန်တော်ကြီးသင်ပညာရေးကျောင်းများထောက်ပံ့နိုင်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပမည်
ရန်နောင် (ဗိုလ်တထောင်)
မေ ၂၈၊ ၂၀၁၄
ရန်နောင် (ဗိုလ်တထောင်)
မေ ၂၈၊ ၂၀၁၄
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို TERAKOYA MUSIC FESTIVAL ဟု အမည်ပေးထားပြီး ရန်ကုန် GMI (Greater Mekong Initiative) က စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ ရန်ကုန် GMI (Greater Mekong Intiative ) ကို ၂၀၀၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး အဓိကအားဖြင့် ရှေးယခင်ကတည်းက တည်ရှိခဲ့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အရှည်သဖြင့် ဆက်လက်တည်ရှိနိုင်စေရန် ထိန်းသိမ်း ပျိုးထောင်သွားရန် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနေသော အဖွဲ့အစည်းဖြစ်ပါတယ်။
စတင်တည်ထောင်ခဲ့စဉ်ကပင် ဂျပန်နိုင်ငံမှ Mr.Shinzo Abe (ယခုလက်ရှိ ဂျပန်နိုင်ငံဝန်ကြီးချုပ် )၏ဇနီး Mrs.Akie Abe မှ ဦးဆောင်ပြီး ဂျပန်နိုင်ငံမှ အလှူရှင်များမှ ယိုယွင်းနေသော ကျောင်းအဆောက်အအုံများကို ပြန်လည်တည်ဆောက်ပေးခြင်း၊ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများကို ပံ့ပိုးပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ယခုလက်ရှိကာလအထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း (၁၃) ကျောင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် (၁၀) ကျောင်း တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ရန်အတွက် ငွေပဒေသာပင်စိုက်ထူနိုင်ရန် တေးဂီတဖျော်ဖြေပွဲကို ပြုလုပ်ရရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုတေးဂီတဖျော်ဖြေပွဲတွင် Lazy Club တေးဂီတဝိုင်းနှင့်အတူ မေဆွိ၊ မေခလာ၊ R ဇာနည်၊ နီနီခင်ဇော်၊ ချမ်းချမ်းတို့မှ ဖျော်ဖြေမည်ဖြစ်ပြီး ဝင်ကြေးလက်မှတ်ခမှာ သုံးသောင်း၊ နှစ်သောင်း၊ တသောင်းခွဲ ၊ တသောင်း၊ ခုနစ်ထောင်တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။