စင်္ကာပူ - ရသအလင်း ရန်ပုံငွေ စာပေဟောပြောပွဲက ဖိတ်ခေါ်လိုက်ပါသည်
မိုးမခရွာဆော်ကြီး၊ မေ ၁၂၊ ၂၀၁၄
ရအလင်းသည်
မတူညီတဲ့ အနုပညာရသတွေကို ပေးနိုင်ဖို့အတွက် ထူးထူးခြားခြားဖြစ်အောင် ပွဲလေးတွေကို ကြိုးစားစီစဉ်ခဲ့ကြသည့်အလျှောက် ... ယ္ခု တတိယအကြိမ် ရန်ပုံငွေပွဲတွင်..
၁) သုခမိန်လှိုင်
၂)ူ အကယ်ဒမီဆွေဇင်ထိုက်
၃) မန္တလေးသိန်းဇော်
၎) အရိုး
၁) သုခမိန်လှိုင်
၂)ူ အကယ်ဒမီဆွေဇင်ထိုက်
၃) မန္တလေးသိန်းဇော်
၎) အရိုး
တို့ကိုဖိတ်ကြားပြီး
Facets of Art ဟုအမည်ပေးထားသော အနုပညာဟောပြောပွဲကို 08/06/2014 တွင် Singapore Polytechnic ရှိ Convention Center
တွက်ကျင်းပမှာ ဖြစ်သည်။
လက်မှတ်နှုန်းထားများက
S$20-S$15 လို့သိရပြီး
ထိုင်ခုံများကို
***** http://art.somee.com/SeatPlan. aspx
***** မှာ ဝင်ရောက် ရွေးချယ်နိုင်ကြပြီဖြစ်ပါသည်။
ရသအလင်းဖောင်ဒေးရှင်းရဲ့
လူမှုရေး လုပ်ငန်းတွေ ကို ပံ့ပိုးထောက်ပံ့ ကူညီလှူဒါန်းပေးရင်း
မတူညီသော အနုပညာမျက်နှာစာများကို ရင်ခုန်စီးမျောနိုင်ကြစေဖို့ သတင်းကောင်းပါးလိုက်ရပါသည်။
မတူညီသော အနုပညာမျက်နှာစာများကို ရင်ခုန်စီးမျောနိုင်ကြစေဖို့ သတင်းကောင်းပါးလိုက်ရပါသည်။
စင်္ကာပူနိုင်ငံအခြေစိုက် အနုပညာချစ်မက်သူများစုစည်းတည်ေ ထာင်ထားတဲ့
ရသအလင်းဖောင်ဒေးရှင်းက တတိယအကြိမ်မြောက် ရန်ပုံငွေပွဲကို ဇွန်လ(၈)ရက်နေ့တွင် စင်္ကာပူနိုင်ငံမှာ
ကျင်းပမည်ဟု သိရသည်။
ရသအလင်းဖောင်ဒေးရှင်းဖွဲ့စည်း တည်ထောင်ခဲ့သည်မှာ
၃နှစ်ပြည့်ပြီဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ
မြန်မာပြည်တွင်းရှိ ကျန်းမာရေးအတွက် အရေးပေါ်ဆေးကုသဖို့ လိုအပ်နေသော စာရေးဆရာ ကဗျာဆရာ
အနုပညာရှင်များကို ထောက်ပံ့ပေးနိုင်ရန်နဲ့ ဂုဏ်ပြုထိုက်သူ ဆရာဆရာမကြီးများကို ဂုဏ်ပြုငွေများ
ချီးမြှင့်ကန်တော့နိုင်ရန် ရည်ရွယ်ထားရှိခဲ့ပါသည်။ ၄င်းအပြင် လူမှုရေး၊ ကျန်းမရေးနှင့်
ပညာရေးအသင်းအဖွဲ့များသို့ လှူဒါန်းမှုများပြုလုပ်ခဲ့သလို ယ္ခုအခါ မြန်မာပြည်တွင်းမှာ
လက်ရှိလည်ပတ်နေသော စာကြည့်တိုက်များကို ထောက်ပံ့လှူဒါန်းခြင်း အစီအစဉ်များတိုးချဲ့ဆောင်ရွက်လျှက်ရှိသည်။
၎င်း(
၃)နှစ်တာကာလအတွင်း လစဉ်ထည့်ဝင်ကြသော အသင်းဝင်များ၏
အလှူငွေများ ၊ ရန်ပုံငွေပွဲများမှရရှိသော အကျိုးအမြတ်များနှင့် စုစုပေါင်း ၁၃၁သိန်းတိတိ
လှူဒါန်းထားနိုင်ခဲ့ပြီဟု သိရသည်။


