ဟန်သစ်နိုင်
မေ ၂၃၊ ၂ဝ၁၄
အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ဈာပနကို မေ ၂၃ ရက် နံနက်က ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့သည်။
မေ ၂၃၊ ၂ဝ၁၄
အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ဈာပနကို မေ ၂၃ ရက် နံနက်က ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့သည်။
ပါတီဝင်များနှင့်မိသားစုဝင်များ
မိတ်ဆွေအပေါင်းအသင်းများက
ဒေါက်တာသန်းငြိမ်း၏
နောက်ဆုံးခရီးသို့ တက်ရောက်
ဂါရဝပြုခဲ့သည်ကို
တွေ့ရသည်။
ဈာပနအစီအစဉ်တွင် NDFအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဒေါက်တာသန်းငြိမ်း အထ္ထုပ္ပတ္တိကိုဖတ်ကြားခဲ့ပြီး၊ NDFမှ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာဦးဝင်းနိုင်က ပါတီ၏ အမိန့်စာကို ဖတ်ကြားခဲ့သည်။

အဖ
ဦးတင်ညွှန့်၊ အမိ ဒေါ်ခင်ညွှန့်တို့၏သား
ဒေါက်တာသန်းငြိမ်းကို
(၅.၈.၁၉၃၈)
ရက်နေ့က
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊
ခနောင်အရှေ့ကျေးရွာတွင်
မွေးဖွားသည်။
၁၉၅၄
တွင် ရန်ကုန်မြို့မ
အထက်တန်းကျောင်းမှ
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး
ရန်ကုန်ဆေးတက္ကသိုလ်မှ
ဆရာဝန်ဘွဲ့ကို ၁၉၆၃ခုနှစ်တွင်
ရရှိခဲ့သည်။ တက္ကသိုလ်တက်နေစဉ်အတွင်း
ကျောင်းသားလှုပ်ရှားမှုများနှင့်
ရန်ကုန်ဆေးတက္ကသိုလ်
ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။
တောင်ငူခရိုင်နှင့် မြင်းခြံခရိုင်တွင် အနာကြီးရောဂါတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ မြင်းခြံခရိုင်တွင် လက်ထောက်ဆရာဝန်အဖြစ်လည်းကောင်း၊ မြို့နယ်ဆရာဝန်အဖြစ် ယခင် ဟံသာဝတီခရိုင်တွင်လည်းကောင်း၊ တောင်ငူခရိုင်ကျောက်ကြီး၊ ဧရာဝတီတိုင်းရေကြည်နှင့် ရှမ်းပြည် ဖယ်ခုံမြို့နယ်တွင်လည်းကောင်း၊ ကုလသမဂ္ဂဝန်ထမ်းဆရာဝန်အဖြစ် သိရိလင်္ကာနိုင်ငံတွင်(၁၉၈၄-၈၆အထိ) တာဝန်ယူခဲ့သည်။

၁၉၈၈
ရှစ်လေးလုံးအရေးတော်ပုံတွင်
ဦးဆောင်ပါဝင်မှုဖြင့်
ဖယ်ခုံရဲစခန်းတွင်
အချုပ်ခံရပြီးနောက် ပင်စင်
အပေးခံခဲ့ရသည်။ ထို့နောက်
ကျောက်တန်းမြို့နယ်တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) သို့
ပါတီဝင်တစ်ဦးအဖြစ်
ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဌ
တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲတွင်
ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေ၏
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်
တင်မြှောက်ခံရသည်။
၁၉၉၆ခုနှစ်တွင်
NLD
ရန်ကုန်တိုင်းစည်းရုံးရေး
ကော်မတီတွင် ဒု-ဥက္ကဌအဖြစ်
တာဝန်ပေးခံရသည်။ ၁၉၉၇ခုနှစ်တွင်
ဆေးခန်းဖွင့်သည့်ကိစ္စဖြင့်
တရားစွဲခံရပြီး ဆမ လက်မှတ်
သိမ်းဆည်းခံခဲ့ရသည်။ ၁၉၉၇ခုနှစ်
အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ်
NLD လူငယ်ဖွဲ့စည်းရေးကိစ္စ
ဆောင်ရွက်မှုဖြင့် ဖမ်းဆီးခံရပြီး
ထောင်ဒဏ် ၇နှစ် ချမှတ်ခံခဲ့ရသည်။
အင်းစိန်ထောင်၊ ပြည်ထောင်၊
ပေါင်းတည်ထောင်များတွင်
နေခဲ့ရပြီး လွတ်ရက်စေ့သော်လည်း
ပုဒ်မ ၁၀(က)ဖြင့်
ထပ်မံ၍ တစ်နှစ်စီတိုးပြီး
သုံးကြိမ်တိုင်တိုင်
ဆက်လက်ချုပ်နှောင်ခံခဲ့ရသည်။
၂၀၀၈ခုနှစ်၊ စက်တင်ဘာလတွင်
ပြန်လည်လွတ်မြောက်ခဲ့သည်။
ထောင်မှလွတ်ပြီး
NLDပါတီကို
ထပ်မံမှတ်ပုံတင်ရန်နှင့်
ရွေးကောက်ဝင်သင့်ကြောင်းကို
ဦးဆောင် ဆွေးနွေးခဲ့သည်။
၂၀၁၀
ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့်
ဒီမိုကရေစီစနစ်သို့
သွားရောက်နိုင်ရန်အတွက်
တရားဝင် နိုင်ငံရေးပါတီတစ်ခု
တည်ရှိရန် လိုအပ်ခြင်းနှင့်
မပြီးဆုံးသေးသော တာဝန်များကို
ဆက်လက် ထမ်းဆောင်နိုင်ရန်အတွက်
အမျိုးသားဒီမိုကရေစီအင်အားစု
NDF ပါတီကို
ဇွန်လတွင် ထူထောင်ခဲ့သူများတွင်
တစ်ဦးအပါအဝင်ဖြစ်သည်။ ပါတီ
တရားဝင်မှတ်ပုံတင်ကျပြီးနောက်
ဗဟို အလုပ်မှုဆောင်ကော်မတီအဖြစ်
တာဝန်ယူဆောင်ရွက်ခဲ့သည်။
၂၀၁၂ခုနှစ်တွင် ကျန်းမာရေးအရ
ပါတီခေါင်းဆောာင်တာဝန်ကို
ပြောင်းလဲထမ်းဆောင်ခဲ့သည်။
ဒေါက်တာသန်းငြိမ်းသည်
ထောင်ထဲတွင် အသည်းကင်ဆာရောဂါကို
ရရှိခဲ့ပြီး ထိရောက်သောကုသမှုများ
မခံခဲ့ရပါ။ ထောင်မှလွှတ်ပြီးနောက်
စင်္ကာပူနှင့်အိန္ဒိယသို့
အကြိမ်ကြိမ် သွားရောက်ဆေးကုသခဲ့သည်။
ပင်လုံဆေးရုံတွင်
တက်ရောက်နေစဉ် ၂၁.၅.၂၀၁၄ရက်နေ့
မနက်ပိုင်းတွင် ပါတီတာဝန်ကို
ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက်(၇၆)နှစ်အရွယ်
ရှိပြီ ဖြစ်သည်။
ဒေါက်တာသန်းငြိမ်းသည်
နိုင်ငံရေးစာပေစာတမ်းများကို
ရေးသားခဲ့ပြီး
ရွှေဂုံတိုင်ကြေညာစာတမ်း-ရှင်းတမ်းစာတမ်းမှာ
ဒီမိုကရေစီအရေးမြင်ကွင်းတစ်ခု၏
မြင်းကွင်း တစ်ခုကို ပီပီသသ
ဖော်ပြထားခြင်းဖြစ်သည်။
တောဆရာဝန်ဘဝ
အတွေ့အကြုံစာအုပ်ကို
ထုတ်ဝေခဲ့သည်။ အချိုးကျကိုယ်စားပြုမဲပေးစနစ်
ပီအာ PRကို
မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို
အများသိစေရန် စတင်ပြောကြားခဲ့သူလည်းဖြစ်သည်။