ရေနှောက်သွားတဲ့
သက္ကရာဇ်တွေ
ဇေမှိုင်း၊
ဇွန် ၂၀၊ ၂၀၁၄
ပျောက်သွားတာလား
ရှများသွားသလားတော့
ဖြူ
မဲ
မသဲကွဲလိုက်ရ
သမီးအမဲမလေးရေ
အဲဒါ
ဘ၀တဲ့ကွယ်
မဲ့လိုပဲ
ဟိုကမောင်းထုတ်
ဒီကရိုက်ထုတ်
ရလိုက်တဲ့
ရင်ဒဏ်ရာတွေက
ဆူးနဲ
့ခြစ်ခံထားရသလို တဆစ်ဆစ်….။
သက္ကရာဇ်တွေ-
သက္ကရာဇ်တွေ
ခဏကိုပဲ
ခဏလေးပါလို့မြင်နေတာတောင်
ခဏ
ခဏတွေက
ည
ညအိပ်ပျော်ဖို့ ခက်….။
မနက်ဖန်
တနင်္လာလား
ဘာနေ
့လဲ?
မတွေးရဲ
မတွေးချင်တော့ပါ
အနှင်မခံပဲ
အနှင်ခံနေ၇တဲ့ဘ၀တွေကြားမှာ.....။
(ဇွန်
၂၃ သို့)
