ခင်လွန်း - ကျွန်းသမား


ကျွန်းသမား

 ခင်လွန်း၊ ဇွန် ၆၊ ၂၀၁၄

ပြောရင်းဆိုရင်း
ပင်လယ်က
ငါ့စိတ်နဲ့ငါ့ကိုယ်ကို
ကမ်းခြားထားလိုက်ပြီ။

ရေလှိုင်းတွေတ၀ုန်းဝုန်း
ငါ့လိပ်ပြာကို ပုတ်ပုတ်နိုးနေတာလား

ဆည်းဆာချိန်
ကြိုးကြာတို့အပြန်လမ်း
လွမ်းမိအားကျသူပါလေ။

သေချာတယ်
ဒီကျွန်းပေါ်က ငါးထမ်းပြီးပြန်လာရင်တောင်
ငါ့ရဲ့လတ်ဆတ်နုပျိုမှုကို
ပြန်မရတော့။

ဒါဟာ
ချစ်ခြင်းအပေါ် သစ္စာရှိခဲ့သူရဲ့
ဖျောက်ခနဲခြစ်လိုက်တဲ့
ညနေခင်းမီးတောက်လေးပေါ့။


ဇွန် ၅ရက်၊ ၂၀၁၄
၁၄.၀၀ နာရီ