ဆောင်းလူ၊ - ဟပ်မရသည့် ငါးမြှားချိတ်များ ...


 ဟပ်မရသည့် ငါးမြှားချိတ်များ ...
 ဆောင်းလူ၊ ဇွန် ၆၊ ၂၀၁၄
 

ပုံဆိုး ပန်းဆိုး
အသားကုန် တွန့်လိမ်ပြနေတာတောင်
ဟပ်မယ့်သူမဲ့ ...။

ခုလည်းကြည့် မာယာများလိုက်ပုံက
ဆတ်ကနဲ ဆတ်ကနဲ
ညူသလိုလို စူသလိုလိုနဲ့
သူ့တကွင်းပြင်လုံးခြုံကြည့်တော့ ဟပ်မရတဲ့ ငါးမြှားချိတ်တွေ ပုံလို့ ...။

ဇွန် ၆၊ ၂၀၁၄
၂း၃၃ နာရီ