ရန်နောင် (ဗိုလ်တထောင်) - Huawei Ascend P7 စတင်ဖြန့်ဖြူးရောင်းချခြင်းနှင့် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်
Huawei Ascend P7 စတင်ဖြန့်ဖြူးရောင်းချခြင်းနှင့် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ရန်နောင် (ဗိုလ်တထောင်)
ဇွန် ၄၊ ၂၀၁၄
ရန်နောင် (ဗိုလ်တထောင်)
ဇွန် ၄၊ ၂၀၁၄
အခမ်းအနားသို့ Huawei Device Myanmar မှ တာဝန်ရှိလူကြီးမင်းများ ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Brand Ambassador ဖြစ်သူ ဝတ်မှုန်ရွှေရည်နှင့် စာနယ်ဇင်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ စုံညီစွာတက်ရောက်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
Huawei Ascend P7ဟာ P1 Series ကနေ ထုတ်လုပ်လိုက်တဲ့ မျိုးဆက်သစ်ပါ။ အထူးခြားဆုံးတစ်ခုကတော့ နေရောင်ထဲမှာ ဖုန်း မျက် နှာပြင်ကို ကြည့်ရင်လည်း ပုံမှန်အတိုင်းမြင်ရမယ့်အချက်က P7 ရဲ့ အားသာချက် လည်းတစ်ခုဖြစ်ပါတယ်။ ထို့ပြင် ကင်မရာပိုင်းမှာလည်း အကောင်းမွန်ဆုံးလုပ်ဆောင်ချက်တွေကို ဖန်တီးပေးထားတာဖြစ်ကြောင်း မစ္စတာ ရိုစန်လိုက ပြောကြားခဲ့ပါတယ်။
မိန်းကလေးတွေဟာ မှန်ကြည့်တာဝါသနာပါကြပါတယ်။ ဒီအတွက် ဒီဖုန်းက ကူညီပေးမှာပါ။ ကြေးမုံဆိုတဲ့နေရာကိုနှိပ်လိုက်ရင် မှန်တချပ် ကဲ့သို့ ကြည့်လို့ရမှာပါ။ ချောမွေ့သော အထိအတွေ့ကို ခံစားပေးနိုင်မည့် ခုနှစ်လွှာရှိ ဖန်သားမျက်နှာပြင်နှင့် သတ္တု ကိုယ်ထည်ပါရှိတာကြောင့် ပစ်ချလည်းမကွဲဘူးဟု ဈေးကွက်မန်နေဂျာ မခင်ရတနာဝင်းမှ ပြောကြားခဲ့ပါတယ်။
အဓိကက P7 ရော P6 ရော လက်မတချောင်းတည်းနဲ့ Function တွေ အကုန်လုပ်လို့ရအောင် ကျွန်မတို့ ဒီဇိုင်းဆွဲထားပါတယ်။ ကျွန်မ တို့မြန်မာနိင်ငံမှာ 3G ပဲ ရသေးတယ်။ 4G က မရသေးဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ 4G ဖြစ်လာရင် ဒီ P7 က 4G ကိုလည်းထောက်ပံ့ပေးနိုင်မှာပါ ဟုလည်း မခင်ရတနာဝင်းမှ ထပ်မံပြောပြပါတယ်။
အဆိုပါဖုန်းကို ထိုနေ့တွင် ၃၉၉၀၀၀ ဖြင့် ရောင်းချပေးခဲ့ပါတယ်။
ဆက်လက်၍ မော်ဒယ်လ်များမှ Ascend P7 ကိုမိတ်ဆက်ပြသပေးခဲ့ပြီး ပျော်ရွှင်ဖွယ်ကံစမ်းမဲ အစီအစဉ်များပြုလုပ်ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပါတယ်။