ဆောင်းလူ - ငါ ... အကောင်

ငါ ... အကောင်
 ဆောင်းလူ၊ ဇူလိုင် ၁၁၊ ၂၀၁၄


ဟိုတခေတ်
တော်လှန်ကြတယ်ဆိုတုန်းက
သူပုန်ကြီးတွေရဲ့
လက်တိုလက်တောင်း အခိုင်းရတဲ့ကောင် ...။

အခု
တော်လှန်ခေတ်ကုန်
 ပြန်ပေါင်းထုတ်ကုန်ကြပြန်လေတော့
မိဝေး ဖဝေးနဲ့
အိမ်မဲ့ ယာမဲ့ကောင် ...။

ဒါ့ကြောင့်ပြောတယ် ...
အိမ်မဲ့ ယာမဲ့ပေမယ့်

ဒါ့ကြောင့် ပြောတယ် ....
စာမတတ် ပေမတတ်ပေမယ့် ..

ငါ ... အကောင်ပါလို့ ...။