Skip to main content
မောင်စွမ်းရည် - “ပန်းခြွေတဲ့လေ”
မောင်စွမ်းရည် - “ပန်းခြွေတဲ့လေ”
ဇူလိုင် ၂၅၊ ၂၀၁၄
ပန်း မခူးရ
ခူးရင် သေဒဏ်
“ရွှေ” ပန်းခြံမှာ
သံမှိုစွဲတဲ့ သင်ပုန်းကြီး
လေပြင်းခက်သော်
ပွင့်ဖက် ပွင့်ညှာ
ကျိုးကြေ ရှာပြီ
လေမှာ စာတတ်ချေ။
(၂၀၁၄ မေ ၁၀)
သရုပ်ဖော် အောင်ထက်