အမေရိကန် အလုပ်လက်မဲ့ နုံး ဆက်တိုက်ကျဆင်း

အမေရိကန် အလုပ်လက်မဲ့ နုံး ဆက်တိုက်ကျဆင်း
နိုင်ငံတကာသတင်း ဘာသာပြန်၊ ဇူလိုင် ၅၊ ၂၀၁၄


အမေရိကန်နိုင်ငံ ယခုနစ် June လအတွင်း  အလုပ်အကိုင်အသစ် ၂၈၈ ၀၀၀ ဖေါ်ဆောင်နိုင်ခဲ့ပါသည် ။  အလုပ်လက်မဲ့နုံးကို ၆.၁ % အထိ ကျဆင်းစေနိုင်ခဲ့ပါသည် ။

၂၀၀၈ - ၂၀၀၉ - မဟာစီးပွားရေးကျဆင်းတာ ဖြစ်အပြီး ၄ နစ် လေးလတာကာလ အတွင်း ပျှမ်းမျှ တစ်လလျှင် အလုပ်အကိုင်အသစ် ၂၃၁ ၀၀၀ ( ၂-သိန်း ၃-သောင်း) ဖေါ်ဆောင်ပေးလာနိုင်ခြင်းဖြစ်ပါသည်။

အမေရိကန်စီးပွားရေး သမိုင်းတွင်  ပထမဦးဆုံးအကြိမ်အဖြစ်  အမေရိကန်နိုင်ငံ Stock market မှ Dow Jones စတော့တန်ဖိုးသည် ၁၇၀၀၀- ကိန်းကို ကျော်လွန်နိုင်သူအဖြစ်  သမ္မတအိုဘားမားက  သမိုင်းမှတ်တိုင်  စိုက်ထူနိုင်ခဲ့ပါပြီ ။ ၁၇,၀၆၈.၂၆ အထိ တက်ခဲ့ပါသည် ။

သို့ သော်ဆောက်လု်ပရေး ကဏ္ဍပ်တွင်တော့ အလုပ်အကိုင်အသစ် ၆၀၀၀ သာဖန်တီိးနိုင်ခဲ့ပါသည် ။ သို့ သော် ဆောက်လုပ်ရေး ကဏ္ဍလည်း အလားအလာကောင်းများ ရှိနေကြောင်း လေ့လာသုံးသပ်ချက်များက ပြလာနေပါပြီ ။

လက်ရှိတွင်  အလုပ်အကိုင်မရှိသူ အလုပ်လက်မဲ့ ၉ .၄ သန်းရှိနေပါသေးသည် ။

အမေရိကန်စီးပွားရေး ဦးမော့လာလျှင်  အာရှစီးပွားရေး က အမေရိကန်အပေါ်အတော်ကလေး တည်မှီနေသည့်အတွက် အာရှဒေသအတွက်  နမိတ်ကောင်းများကို စာဖတ်သူများဝမ်းသာဖို့  မျှဝေလိုက်ပါသည် ။

4- July  Bangkok Post.