ကျော်ဟုန်း - သတ္တလောကသား

ကျော်ဟုန်း - သတ္တလောကသား
မိုးမခကဗျာ၊ ဇူလိုင် ၂၇၊ ၂၀၁၄


ကောင်းကင်ကြီးက
အမြဲတမ်း မပြာဘူး။

သမုဒ္ဒရာရေက
အမြဲတမ်း အပြာရောင်။

( အပြာရောင်ဆိုတာ
အချစ်သင်္ကေတ )

သတ္တ၀ါတိုင်းရဲ့
အခြေခံ စိတ်
သမုဒ္ဒရာရေလို
အပြာရောင်
အချစ် အခြေခံ
ယုံကြည်ပေးနိုင်ပါရဲ့လေ။

စားဝတ်နေရေး
ရှင်သန်ရေးနဲ့ မှ
သတ္တ၀ါတိုင်းဟာ
ကောင်းကင်ကြီးလိုကျင့်သွား။

စိတ်ရောင်စုံပြောင်းမှု
တရားပါတယ်လို့ 
ဖော့တွေးရမလား၊
သဘာဝရယ်လို့ 
လျော့တွေးရမလား။

ငါလဲ
သတ္တ၀ါထဲက သက်ရှိ။  ။

ကျော်ဟုန်း