ငါတို့ဟာ ကတ္တားဖြစ်တယ်
ကိုယ့်ဦးခေါင်းကို ကိုယ်ရှို့မြှိုက်
ကိုယ့်လမ်းကိုယ် ထွန်းပရတယ် ငါတို့။
ကျောက်သားနံရံကို
လက်ညှိုးနဲ့ထိုးဖောက်
သွေးကိုမင်လုပ် မော်ကွန်းတင်ရတယ် ငါတို့။
အထင်ကရ မှန်ကန်မှုကို
မီးပုံထဲ အခါခါခုန်ချ
သက်သေပြနေရတယ် ငါတို့။
မောင်ပိုနေမြဲ ကျားနေမြဲဖို့
ကျားကို နားချနေရတယ် ငါတို့။
ဂိုးသွင်းခွင့်တွေ လက်လွတ်ခဲ့ရ
အသန့်ရှင်းဆုံးကစားသမား ငါတို့ ။
နာမည်ကျော်ကြောင်လိမ်လှေကားပေါ်
အခန်းပြောင်း တီးလုံးရှည်ကြီး
ကျက်မှတ်နေရဆဲ ငါတို့ ။
သို့သော်ဦးမညွှတ်
ပန်းပန်လျက်ပဲ အဘိဓမ္မာနဲ့
အပွင့်ပွင့်ပြမယ် ငါတို့ ။ ။
ကိုယ့်လမ်းကိုယ် ထွန်းပရတယ် ငါတို့။
ကျောက်သားနံရံကို
လက်ညှိုးနဲ့ထိုးဖောက်
သွေးကိုမင်လုပ် မော်ကွန်းတင်ရတယ် ငါတို့။
အထင်ကရ မှန်ကန်မှုကို
မီးပုံထဲ အခါခါခုန်ချ
သက်သေပြနေရတယ် ငါတို့။
မောင်ပိုနေမြဲ ကျားနေမြဲဖို့
ကျားကို နားချနေရတယ် ငါတို့။
ဂိုးသွင်းခွင့်တွေ လက်လွတ်ခဲ့ရ
အသန့်ရှင်းဆုံးကစားသမား ငါတို့ ။
နာမည်ကျော်ကြောင်လိမ်လှေကားပေါ်
အခန်းပြောင်း တီးလုံးရှည်ကြီး
ကျက်မှတ်နေရဆဲ ငါတို့ ။
သို့သော်ဦးမညွှတ်
ပန်းပန်လျက်ပဲ အဘိဓမ္မာနဲ့
အပွင့်ပွင့်ပြမယ် ငါတို့ ။ ။