ငြိမ်းချမ်းအေး - လူရွှင်တော်အနုပညာရှင် ရော်ဘင်ဝီလျံ (1951-2014)
သြဂုတ် ၁၂၊ ၂၀၁၄
ပရိသတ် တွေကို ရယ်မော ပျော်ရွှင်အောင် ပျော်တော်ဆက် နိုင်တဲ့ ဟာသပညာရှင် လည်း ဖြစ်သူ အမေရိကန် သရုပ်ဆောင် Robin Williams သေတော့ ကိုယ့်ဘာသာ သတ် သေသတဲ့။ သံဝေဂ ရစရာ..။
ဟောလီးဝုဒ် အောင်မြင် ကျော်ကြားသူ တွေ ဖြစ်လေ့ ရှိတဲ့ အတိုင်း ဆေး၊ အရက်၊ အိမ်ထောင်ရေး အားလုံး စု တော့ နောက်ဆုံး ကျန်းမာရေး လျော့၊ နောက် စိတ်ပိုင်းဆိုင်ရာ ပါ ထိခိုက်လာတာ နေမှာပေါ့။
ဦးလှိုင် ရဲ့ ကဗျာ တပုဒ်တောင် သတိရပါရဲ့..။

“ဆင်းရဲခြင်းက ဒုက္ခ” တဲ့..။
နီလာရောင် ရေချိုးခန်း
ပဲရစ် ရေမွှေး ဖြန်းထားသော ပန်းခြံ
မရမ်းရောင်ရှန်ပိန်၊ ရေခဲစိမ် “မာတီနီ”
ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ
အဆိပ်သောက် သေဆုံးသွားသော
ဟောလီးဝုဒ်၏ ကြယ်ပွင့်အပြာ
အို မာရီလင်မွန်ရိုး..
“ချမ်းသာခြင်းမှာဘာဒုက္ခများတွေ့ခဲ့သလဲ”...။