ကျော်ဟုန်း - သင်္ချာရဲ့ သားကောင်


ကျော်ဟုန်း - သင်္ချာရဲ့ သားကောင်
သြဂုတ် ၂၃၊ ၂၀၁၄


ဒါပေါ့ …
မိုးကုပ်စက်ဝန်းကြီးရဲ့
တမိုးအောက်မှာ။

ဘုရင်
ဝန်
စာရေးစာချီ
အမှုထမ်း
အရာထမ်း
ပြည်သူ
သူဖုန်းစား
အလွှာစုံ
နယ်မြေစုံ
ကဏ္ဍစုံ
သူ … ခန့် ခန့် ကြီး နေရာယူ။

အပေါင်း မှားရင်
အနုတ် မတတ်ရင်
အမြှောက် မကျွမ်းရင်
အစား ငတ်ပြီ။

တစ်ခါတလေ
တွက်ရင်းနဲ့ ထက်
ထက်ရင်းနဲ့ တုံး
ပုံသေနည်းတွေကြား
ပဉ္စလက်အတတ်နဲ့ ။

သင်္ချာတွေ ကြီးစိုးမှုကမ္ဘာမှာ
မင်းလဲ
( ၁ + ၁ = ၃ )
တစ်အပေါင်းတစ်
ညီမျှခြင်း သုံး
သိထားလေမှ
အသက်ရှုဝမယ့် ခေတ်၊
မသိရင်
၂၁ ရာစုမှာ လူရာမ၀င်ဘူး မှတ်။

 (၁+၁=၃) သည် စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် တွက်ချက်မှု သင်္ချာဗေဒပုံစံ ဖြစ်သည်။