မင်းကိုနိုင် - ကျနော် ဆုရခြင်း
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်) သြဂုတ် ၁၉၊ ၂၀၁၄
ဟင်းကောင်းစားမလို့
ဘုန်းကြီးကျောင်းသား လုပ်တော့လဲ
လက်မသွက်ဘဲ အမြဲငတ် ...
ခဏ ခဏ တသသ လုပ်တော့လဲ
ဖန်ခွက်တွေ ကျကျကွဲ ...
လွဲမှာစိုးလို့ သေချာချိန်
ချိန်တာသိတော့ ငှက်ပျံပြေး ...
သဘောင်္သီးစားဖို့ အပင်စိုက်
စိုက်ပြီး မျှော်ရင်း အပင်သာကြီး
အဖိုပင်မို့ ဘာမှမသီး ...
အညံ့ပြိုင်ပွဲ ၀င်လို့နွှဲ
ဘာဆုမှလဲ ကျနော်မရ
လူတွေအားလုံး မှတ်ချက်ချ
"မင်း အသုံးမကျဆုံးကွ" ။ ။