ကျော်ဟုန်း - တသက်တာဝတ်ရုံနဲ့ နံနက်ခင်းဓာတ်စာ


ကျော်ဟုန်း - တသက်တာဝတ်ရုံနဲ့  နံနက်ခင်းဓာတ်စာ
သြဂုတ် ၃၊ ၂၀၁၄

ကိုယ့်အရိုး ကိုယ်ထွင်
အပ်လိုသွေးပြီး
ကိုယ်ဝတ်ရုံ ကိုယ်ချုပ်ဆင်
ဝတ်ခဲ့ကြရသူတွေချင်း ...။
ဒီမှာ ...
အတ္တနည်းနည်းလိုမယ်
 လောဘနည်းနည်းလိုမယ်
မာနနည်းနည်းလိုမယ်။
အရောင်စုံတော့ အသုံးမပိုနဲ့ 
မင်းဝတ်ရုံနဲ့ မင်း အလှပျက်မယ်။
ငိုက်မြည်းမသွက် ဦးနှောက်ရဲ့
အာရုံကြောတွေ ခွန်အားတိုးဖို့ 
သကြားတော့ များများမထည့်နဲ့ 
ကာဖိန်းအရသာပျက်ရင် ...။
လောကသားရမ္မက်နဲ့ လောကကြီး
သဟဇာတ မဖြစ်နိုင်ဘူး။ ။