ရန်နောင် (ဗိုလ်တထောင်) - မှူးသစ်၏ မျှော်လင့်ခြင်း ချောင်းကြည့်ပေါက်ကို မိတ်ဆက်



ရန်နောင် (ဗိုလ်တထောင်) - မှူးသစ်၏ မျှော်လင့်ခြင်း ချောင်းကြည့်ပေါက်ကို မိတ်ဆက်
သြဂုတ် ၁၀၊ ၂၀၁၄
 သတင်းသမားအဖြစ်လုပ်ကိုင်ရင်း ရေးသားခဲ့သည့် မြန်မာ့နိုင်ငံရေးဆောင်းပါးနှင့် သတင်းဆောင်းပါးများ ကိုစုစည်းပြီး “ ချောင်းကြည့်ပေါက်မှသည် မျှော်လင့်ခြင်း ဒီမိုကရေစီသို့ ” စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းအောက်လမ်း ရှိဟုမ်းမီဒီယာခန်းမတွင် ၂၀၁၄ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နေ့လည် ၃နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

 (သော်ဇင်အုန်း)
 (သင်းသင်းသာ)
  အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ်ကဗျာဆရာ၊The Street View ဂျာနယ်အယ်ဒီတာ ဆရာသော်ဇင်အုန်းမှဆောင်ရွက်ခဲ့သည်။စာအုပ်မိတ်ဆက်ပွဲတွင် ဆရာမသင်းသင်းသာ၊ ဆရာကျော်မင်းဆွေ၊ ဆရာမ ယမင်းတို့မှ အမှတ်တရမုဒိတာစကားပြောကြားပေးခဲ့ကြပြီး  ဦးတင်မောင်ဆန်း (ယခင်ကျောင်းသားလွတ်မြောက်ရေးတပ်မတော် တပ်မှူး၊သေဘောထိုးစခန်း)မှလည်း ဆရာမှူးးသစ်အတွက် အောင်မြင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသောကဗျာဆရာများက ကဗျာများရွတ်ဆို၍ ဆရာမှူးသစ်အားဂုဏ်ပြုခဲ့ကြသည်။

 (ကျော်မင်းဆွေ)
(တင်မောင်ဆန်း)
  စာရေးဆရာမှူးသစ်သည် လူငယ်သတင်းသမားတစ်ယောက်အဖြစ်လုပ်ကိုင်ရင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အတွင်းက နိုင်ငံရေးဖြစ်ရပ်များ၊ တိုင်းပြည်အတွင်းကြုံတွေ့ခဲ့ရသောသတင်းဖြစ်ရပ်များနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအပေါ် အဓိကထား၍ ယခုဆောင်းပါးများကို ရေးသားထားခြင်းဖြစ်သည်။
 (ယမင်း)
 (ကဗျာများ ရွတ်ဆို ဂုဏ်ပြုစဉ်)
ယနေ့သတင်းဖြစ်ရပ်များက နောင်တချိန်တွင် သမိုင်းဖြစ်လာမည်ဆိုသည်ကို ယုံကြည်သည့်အတိုင်း နောင်အနာဂတ်၌ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အား သမိုင်းအဖြစ်ပုံဖော်ရေးသားရာတွင် စာအုပ်ပါ အကြောင်းအရာအချက်အလက်များက တစ်စွန်းတစ်စအဖြစ် ပံ့ပိုးကူညီနိုင်မည်ဟု မျှော်လင့်မိပါကြောင်းလည်း ဆရာမှူးးသစ်က ပြောကြားခဲ့သည်။
  
ဆရာမှူးသစ်သည် The Stret View ဂျာနယ်တွင် လက်ထောက်အယ်ဒီတာအဖြစ်လုပ်ကိုင်လျက်ရှိပြီးမဂ္ဂဇင်း၊ဂျာနယ်နှင့် အွန်လိုင်းစာမျက်နှာများတွင် မှူးသစ်၊ မင်းသူ၊ မူးရစ်စသည့် ကလောင်များဖြင့် ကဗျာများ၊ဆောင်းပါးများ၊ရသအက်ဆေးများ ၊ သရော်စာများရေးသားလျက်ရှိသည်။
ထိုစာအုပ်အား လမင်းသစ်စာပေမှထုတ်ဝေကာ တန်ဖိုး ၂၀၀၀ကျပ်ဖြင့် သြဂုတ်လတွင် ဖြန့်ချိလိုက်ပြီဖြစ်သည်။