မင်းညွန့်လှိုင် - ထို အ ရာ

  မင်းညွန့်လှိုင် - ထို အ ရာ
သြဂုတ် ၂၀၊ ၂၀၁၄

ခင်ဗျား
မသိမ်းပိုက်နဲ့
သိမ်းပိုက်တာနဲ့ဆုံးရှုံးပြီ ။

ခင်ဗျား
မဖမ်းဆုပ်နဲ့
ဖမ်းဆုပ်တာနဲ့လွတ်ထွက်ပြီ ။

ခင်ဗျားကိုယ်တိုင်
ပန်းတစ်ပွင့်ဖြစ်သည်အထိ
ဖူးပွင့်လိုက် ။

ခင်ဗျားကိုယ်တိုင်
စမ်းချောင်းလေးဖြစ်သည်အထိ
စီးဆင်းလိုက် ။

ထိုအရာ
အလိုမတူရင်
ဗလာကိုသာရပေလိမ့် ။           ။

                               


Photo Credit - www.newscientist.com