ဆောင်းလူ - ဇင်းမယ်

ဆောင်းလူ - ဇင်းမယ်
သြဂုတ် ၁၂၊ ၂၀၁၄

 
 
ဒီအရပ်မှာ ...
အရှေ့အနောက် ပေါင်းစုံ ... သိုးဆောင်းစကားတွေနဲ့
ဘာသာစကားတွေ ထုံကူးနေတယ် ...။

ရှန်ပိန်ဖြူ .. ၀ိုင်နီနဲ့ ...
ကော့တေးခ် ... တစက်စက်ကျနေတဲ့အရပ် ...။

ဒီအရပ်က နိုက်ကလပ်မယ်တွေဟာ ...
ငါတို့အရပ်က ဘာသာစကားကို တိုးတိုးတိတ်တိတ် ကျိတ်ကျိတ်ပြောတယ် ...။

ဒီအရပ်မှာ ...
နှိပ်ရင်း ခံရင်း ...
တုဏှိဘာဝေဘ၀နဲ့ .. ညအလုပ်တွေ ကြီးစိုးနေတယ် ...။

ဒီအရပ်မှာ ..
ရင်ဘတ်အတုတွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေ ခဏ ခဏ ရှိတယ် ...။

ဒီအရပ်မှာ ...
အလုပ်များများမတတ်ပေမယ့် ...ညဏ်များတတ်မှ ဘ၀လှတယ် ...။

ဒီအရပ်မှာ ...
ရေပေါ်ဆီ ..လူ့အသိုင်းအ၀ိုင်းတွေ ကြီးစိုးနေတယ် ...။

ဒီအရပ်ဟာ
တကယ်တော့
ကောင်းတလှည့် ..ဆိုးတလှည့်မှာ ..ခွက်ချင်းတိုက်တိုင်းမှာ ..
လုံးချာလည် ... ယစ်မောနေတတ်တဲ့အရပ်...။

၁၁း ၀၉ နာရီ
သြဂတ်စ် ၇၊ ၂၀၁၄