မောင်စွမ်းရည် - “အဖိုးနဲ့ ပိုးဟပ်”


မောင်စွမ်းရည် -     “အဖိုးနဲ့ ပိုးဟပ်”
သြဂုတ် ၆၊ ၂၀၁၄


 စားပွဲပေါ်ပတ်ပြီး
ကွင်းပတ်ကစား၊ ဘောလုံးသမားလို
ပြေးလွှားရစ်ပတ်၊ ပိုးဟပ်တကောင်-နှစ်ကောင်
သုံးလေးကောင်-
စားပွဲပြောင်လက်၊ ဟင်းစက်ဟင်းကြွင်းရှာလျက်။

အဖိုးပုညှက်၊ မျက်မှန်ကိုတပ်
စားပွဲနားရပ်
ပိုးဟပ်အမဲလိုက်၊ ယပ်တောင်နဲ့ရိုက်
မောဟိုက်တက်ကြွ၊ တအားချတော့
ကွဲကျပန်းကန်၊ အိမ်လုံးညံပြီး
အသံကြားသော်-
အဖွားပြေးလာ၊ ထုရိုက်ပါရော
ခါးနာအဖိုး၊ ပုဆိုးကျွတ်ကျ
ပိုးဟပ်ကမသေ၊ အဖိုးသေမယ်
ပိုးဟပ်ရေ…၊ ကယ်လှည့်ပါအုံး။

မောင်စွမ်းရည်
၁၂ မေ ၂၀၁၂

Photo Credit - http://littlevoicefromburma.blogspot.com/2012/05/blog-post_22.html