ရန်နောင် (ဗိုလ်တထောင်) - ဇော်လူမင်းရဲ့ ဒုတိယအကြိမ် တကိုယ်တော် ပန်းချီပြပွဲ
စက်တင်ဘာ ၁၉၊ ၂၀၁၄
စက်တင်ဘာ ၁၉၊ ၂၀၁၄
တောင်ကြီးသား ပန်းချီဆရာ ဇော်လူမင်းရဲ့
ဒုတိယအကြိမ် တကိုယ်တော်ပန်းချီပြပွဲဖွင့်ပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်း
(အောက်လမ်း) အ မှတ် ၆၂ ပထမထပ်ရှိ လောကနတ်ပန်းချီပြခန်းတွင် ၂၀၁၄ ခုနှစ်
စက်တင်ဘာလ ၁၆ ရက် (အင်္ဂါနေ့) က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယခုပြပွဲတွင် ပန်းချီကားပေါင်း ၂၅ ကားချိတ်ဆွဲပြသထားပြီး အခရိုင်းလစ်အမျိုးအစားဖြင့် ရေးဆွဲထားသော ပန်းချီကားများ၊ Mixed media ပန်းချီကားများ ဖြစ်ပါတယ်။
ပန်းချီပြပွဲအား ၁၆-၉-၂၀၁၄ မှ ၂၇-၉-၂၀၁၄ ထိ နှစ်ပတ်တိုင်တိုင် လောကနတ်ပန်းချီပြခန်းတွင် ပြသသွားမည်ဖြစ်သည်။ ပြပွဲပြုလုပ်နေစဉ် ကာလတလျှောက် နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့ရှုနိုင်ကြောင်းလည်း သိရှိရပါတယ်။

ကျနော် တစ်ကိုယ်တော်အနေနဲ့ ဒါ ဒုတိယ အကြိမ်ပါ။ ပထမအကြိမ်တုန်းကတော့ ကားတွေက အကြီးတွေချည်း ချိတ်ခဲ့တာပါ။ ဒီတကြိမ် တော့ ၃ ပေ×၄ ပေ တွေချိတ်ဆွဲတာပါ။ ဆရာဦးဝင်းဖေနဲ့ နှစ်ယောက်ပြဖို့ပါ။ အခု သူနေမကောင်းတာနဲ့ ကျနော်တစ်ကိုယ်တော် ဖြစ်သွား တာပါဟု ပန်းချီဆရာ ဇော်လူမင်းက ပြောပြခဲ့ပါတယ်။
ပန်းချီကားဈေးနှုန်းများမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၅၀ မှ ၅၀၀ အထိရှိသည်ကို တွေ့ရှိခဲ့ရပြီး လောလောဆယ် ခြောက်ကားရောင်း ချထားပြီးကြောင်း ထပ်မံသိရှိရပါတယ်။