ရန်နောင် (ဗိုလ်တထောင်) - နိုဗယ်- မြန်မာစာပေပွဲတော်၂၀၁၅ နှစ်ဆန်းပိုင်းတွင် ကျင်းပမည်
စက်တင်ဘာ ၂၊ ၂၀၁၄
စက်တင်ဘာ ၂၊ ၂၀၁၄
ရန်ကုန်မြို့ တွင် ၂၀၁၅ နှစ်ဆန်းပိုင်း၌
ကျင်းပပြုလုပ်မည့် နိုဗယ်-မြန်မာစာပေပွဲတော်နှင့်ပတ်သက်၍
ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း
(အောက်လမ်းရှိ) HOME မီဒီယာခန်းမတွင် ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၀ ရက် နေ့လည် ၁
နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တတ်ရောက်လာသော စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကာတွန်းဆရာများ၊ စာနယ်ဇင်းသမားများ၊ စာကြည့်တိုက်ပညာရှင်များ၊ ထုတ်ဝေဖြန့်ချိသူများက မိမိတို့ကိုယ်မိမိ တစ်ဦးချင်းစီမိတ်ဆက်ကြသည်။ ထို့နောက် စာရေးဆရာဖေမြင့်က နိုဘယ် - မြန်မာစာပေပွဲတော် ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပဏာမမိတ်ဆက်ရှင်းလင်းပြီးနောက် တတ်ရောက်လာကြသူများက အဆိုတင်သွင်းခြင်းနှင့် ထောက်ခံ ဆွေးနွေးခြင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါ နိုဘယ်လ်မြန်မာစာပေပွဲတော်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အမျိုးသားဇာတ်ရုံကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ပြီး ပြည်တွင်းရှိ မြန်မာစာပေဘက်မှ စာရေး ဆရာများကလည်း ကိုယ်ပိုင်ခေါင်းစဉ်ဖြင့် ဟောပြောကြမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံများ (ရန်နောင် - ဗိုလ်တထောင်)