မိုးမခ - သတင်းစာဖြတ်ပိုင်းတစ ... လွှတ်တော်ဆွေးနွေးပွဲနှင့် ကာတွန်းဆရာရဲ့ လွှတ်တော်နဲ့ ဗိုက်ဗာ
စက်တင်ဘာ ၁၈၊ ၂၀၁၄
သတင်းစာဖြတ်ပိုင်းစတခု။ (ဖေ့ဘုတ်ခ်က ကူးယူပါသည်။)
ဖွဘုတ်မှာတွေ့တဲ့ သတင်စားဖြတ်ပိုင်းကတော့ မြင်တဲ့အတိုင်းပါပဲ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တယ်လီဖုန်းတွေမှာ Viber Video Call တပ်ဆင်ပေးမယ် ဆိုတော့ ပျော်စရာကြီးပေါ့ ...။ လွှတ်တော်ထဲဥက္ကဌကလည်း ဒီကိစ္စကို ထဲထဲဝင်ဝင် ဆောင်ရွက်လိုပုံရတယ်။ တပ်ဆင်ဖို့ အဖွဲ့တဖွဲ့တောင် စေလွှတ်ပေးရမယ်ပြောတယ်။
အဲ့ဒီအဖွဲ့အတွက် တင်ဒါခေါ်မခေါ်တော့ မသိဘူး။ ဒေါင်းလော့ချ၊ အင်စတောလုပ်၊ အကောင့်ဖွင့်နဲ့ ရတဲ့အဖွဲ့ကတော့ နိပ်ပြီပဲ ...။
အမတ်မင်းတွေအတွက်ကတော့ သိပ်မချောင်ဘူးထင်တယ်။ လွှတ်တော်မတက်ပဲ လွှတ်တော်ပြေးနေချိန် အိမ်က မိန်းမက ဗိုင်ဗာဗွီဒီယိုကောလ်နဲ့ ခေါ်မှ ဂွကျကုန်တော့မယ်။ နေညိုချိန် လေပြိုချိန် အမတ်မင်းတွေ အနားယူနေတဲ့အချိန်ဆိုလည်း မိန်းမက ဗိုင်ဗာဗွီဒီယိုကြီးနဲ့ခေါ်မယ်ဆိုရင်တော့ အမတ်မင်းတို့အတွက်ကတော့ သိပ်မနိပ်လှဘူး ...။ ဒါပေမယ့် အမ်ပီတီ (မြန်မာ့ဆက်သွယ်ရေး) က ကယ်နိုင်လိမ့်မယ်ထင်တယ်။
အင်း ဒီအစိုးရသက်တမ်းမှာ ကာတွန်းဆရာတွေအတွက်ကတော့ ဟောတမျိုး ဟောတမျိုးနဲ့ ကာတွန်းတွေက မထပ်နိုင်အောင်ပါပဲဗျာ ....။
အောက်မှာပဲကြည့်လေ .. ကာတွန်းဆရာ ATH ..ရဲ့လက်ရာ .. လွှတ်တော်နဲ့ ဗိုက်ဗာ ...
ကာတွန်း ATH ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူပါသည်။