(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၅၊ အမှတ် ၂၁၃၊ စက်တင်ဘာ ၁၁၊ ၂၀၁၄၊ စာမျက်နှာ ၁၈)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင် - အပိုင်း (၇ ၅) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (ခ)
#ဆောက်လုပ်ရေးလုပ်ငန်းများစီစစ်ရေးကော်မတီ၏ အတည်ပြုချက်မယူပဲ ဆောက်လုပ်ခြင်းများ
နိုင်ငံတော်ရဲ့
နှစ်စဉ် ဘတ်ဂျက်မှာ အစိုးရဝန်ကြီးဋ္ဌာနများ၊
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနဲ့ နေပြည်တော်ကောင်စီအတွက် လိုအပ်တဲ့ လမ်း၊
တံတား၊ ကျောင်း၊ ဆေးရုံ၊ အားကစားကွင်း၊ ပန်းခြံ၊ ဝန်ထမ်းနေအိမ် စတဲ့
ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်ဖို့ "ငွေလုံးငွေရင်းခေါင်းစဉ်" နဲ့
ပြည်ထောင်စုလွ္မှ္မ္မတ်တော်က နိုင်ငံတော်ဘဏ္ဍာတွေ ခွဲဝေသတ်မှတ်ပေးပါတယ်။ ဒါပေမည့်
ဆောက်လုပ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဋ္ဌာနရဲ့ သဘောနဲ့
ဆောင်ရွက်ခွင့်မရှိပါ။
နိုင်ငံတော်ဘဏ္ဍာငွေနဲ့
ဆောက်လုပ်မည့် နိုင်ငံပိုင်အဆောက်အအုံများ၊ ဆောက်လုပ်ရေးစီမံကိန်းများဟာ
နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိဖို့လိုအပ်ပါတယ်။
အရည်အသွေးကောင်းမွန်ပြီး ရေရှည်ခိုင်ခန့်ဖို့လိုအပ်ပါတယ်။ အရည်အသွေးဆိုင်ရာ
အာမခံချက်တွေရှိဖို့လိုပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့
ပြည့်မီဖို့ လိုအပ်ပါတယ်။ ဘဏ္ဍာငွေကို စနစ်တကျသုံးစွဲဖို့ လိုအပ်ပါတယ်။
ပြီးတော့ သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်ဖို့၊ လူထုအကျိုးစီးပွါးနဲ့
လူမှုဘဝပါတ်ဝန်းကျင်ကို မထိခိုက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်
အစိုးရဋ္ဌာနများအားလုံးဟာ ဆောက်လုပ်ရေးလုပ်ငန်းများ မစတင်မီ
"ဆောက်လုပ်ရေးလုပ်ငန်းများ စီစစ်ရေးကော်မတီ" ထံ တင်ပြပြီး ကော်မတီရဲ့
ခွင့်ပြုချက်၊ အတည်ပြုချက်ရမှ ဆောက်လုပ်ရမှာဖြစ်ပါတယ်။ ဒါဟာဖြင့်
နိုင်ငံတော်သမ္မတရုံးက အစိုးရဋ္ဌာနများ၊ နိုင်ငံတော်အဖွဲ့အစည်းများအားလုံး
လိုက်နာဖို့ တရားဝင်ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် ဖြစ်ပါတယ်။
ဒါပေမည့်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လအတွင်းမှာ အဲဒီညွှန်ကြားချက်ကို မလိုက်နာပဲ
အစိုးရနဲ့ ဗဟိုအဖွဲ့အစည်းအချို့က ဆောက်လုပ်ရေးလုပ်ငန်းအတော်များများကို
ကော်မတီရဲ့ အတည်ပြုချက်မရယူပဲ ဆောက်လုပ်နေတာကို
ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက
ညွှန်ကြားချက်ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံးကိုယ်တိုင်က
အဲဒီညွှန်ကြားချက်ကို မလိုက်နာတာပါ။ အောက်မှာကြည့်ပါ။
ရုံး/ဋ္ဌာန
|
ဆောက်လုပ်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ၏ အတည်ပြုချက်ရယူထားခြင်းမရှိသော တည်ဆောက်ရေးလုပ်ငန်း အမျိုးအစား
|
ငွေကြေး
ပမာဏ (ကျပ်) |
နိုင်ငံတော်သမ္မတရုံး
|
အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် တည်ဆောက်ခြင်း
|
သန်းပေါင်း ၃၀,၂၀၀ ဒသမ ၅၂၇
|
ပြည်ထောင်စု
တရားလွှတ်တော်ချုပ် |
ရှမ်းပြည်နယ်တရားလွှတ်တော်ဝင်းအတွင်း ဝန်ထမ်းအိမ်ယာတည်ဆောက်ခြင်း
|
သန်းပေါင်း ၁၄၄
|
နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန
|
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဋ္ဌာနမှ တိုင်းဒေသကြီး/ပြည်နယ်များ၌ ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်း (၇) ခု
|
သန်းပေါင်း ၃,၉၄၁ ဒသမ ၆၃
|
သာသနာရေးဝန်ကြီးဋ္ဌာန
|
သာသနာရေးဦးစီးဋ္ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းစီမံကိန်းအသစ် (၈) ခု
|
သန်းပေါင်း ၅၈၈ ဒသမ ၄၁၃
|
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန |
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်နေသောလုပ်ငန်းစီမံကိန်းများ
|
သန်းပေါင်း ၃၁၀ ဒသမ ၉၅၂
|
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဋ္ဌာန
|
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လုပ်ငန်းစီမံကိန်းများ
|
သန်းပေါင်း ၂၁၆,၆၅၉ ဒသမ ၅၀၀
|
ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန
|
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနမှ လုပ်ငန်းများ
|
သန်းပေါင်း ၉,၅၄၆ ဒသမ ၀၃၉
|
လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန
|
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း (ရုံးချုပ်) မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းများအားလုံး
|
မဖော်ပြထား။
|
အားကစားဝန်ကြီးဋ္ဌာန
|
အားကစားနှင့်ကာယပညာဦးစီးဋ္ဌာန
(ရုံးချုပ်) နေပြည်တော်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၃-၂၀၁၄
ဘဏ္ဍာရေးနှစ် များတွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းများ
|
သန်းပေါင်း ၆,၅၉၄ ဒသမ ၂၆၈
|
အားကစားဝန်ကြီးဋ္ဌာန
|
ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဋ္ဌာန၏ တည်ဆောက်ရေးလုပ်ငန်း (၅) ခု
|
သန်းပေါင်း ၁၂၉ ဒသမ ၆၄၇
|
ကျန်းမာရေးဝန်ကြီးဋ္ဌာန
|
ကျန်းမာရေးဦးစီးဋ္ဌာန (ရုံးချုပ်) မှဆောင်ရွက်နေသော လုပ်ငန်းများ
|
သန်းပေါင်း ၈၀,၈၉၈ ဒသမ ၀၃၃
|
အထက်ပါဇယားကို
ကြည့်မယ်ဆိုရင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လအတွင်းမှာ
နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနဲ့
ပြည်ထောင်စုဝန်ကြီးဋ္ဌာန (၈) ခုဟာ ငွေကြေးတန်ဘိုး ကျပ် သန်းပေါင်း ၃၄၉,၀၁၀
(ကျပ် ၃၄၉ ဘီလျံ) ကျော်ရှိတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို
"ဆောက်လုပ်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ" ရဲ့ အတည်ပြုချက်မယူပဲ
ဆောက်လုပ်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာနက
ဆောင်ရွက်ခဲ့တဲ့ ကိန်းဂဏန်းတွေပါ ပါမယ်ဆိုရင်
ဒီထက်ပိုပြီးများပြားပါလိမ့်မယ်။ သက်ဆိုင်ရာကော်မတီရဲ့ အတည်ပြုချက်မယူပဲ
ဆောက်လုပ်ခဲ့တာမို့ ဒီအဆောက်အအုံများရဲ့ အမှန်တကယ်လိုအပ်မှု၊
အရည်အသွေးပြည့်မီမှု၊ ကြံ့ခိုင်မှု၊ အလေအလွင့်ကင်းစင်မှု၊ သဘာဝပါတ်ဝန်းကျင်နဲ့
လူမှုဘဝဝန်းကျင်အပေါ်သက်ရောက်မှုတွေအတွက် မေးခွန်းထုတ်စရာရှိနေပါတယ်။
#တင်ဒါခေါ်ယူခြင်းမပြုပဲ ဝန်ကြီးဋ္ဌာန၏အစီအစဉ်ဖြင့် ဆောက်လုပ်ခြင်းများ
နိုင်ငံတော်အဖွဲ့အစည်းများက
နှစ်စဉ်နှစ်တိုင်း ခွဲဝေရရှိတဲ့ နိုင်ငံတော်ဘဏ္ဍာငွေနဲ့
အဆောက်အအုံများဆောက်လုပ်ကြပါတယ်။ ဋ္ဌာနအတွက်လိုအပ်တဲ့ ပစ္စည်းများ၊ ယာဉ်များ၊
ယန္တရားများ ဝယ်ယူကြပါတယ်။ အဲဒီလို ဆောက်လုပ်ကြ၊ ဝယ်ယူကြတဲ့အခါမှာ နဝတ၊ နအဖ
စစ်အစိုးရများလက်ထက်မှာတော့ ဝန်ကြီးများ၊ ဗိုလ်ချုပ်များနဲ့ နီးစပ်ရာ
ခရိုနီသူဋ္ဌေးကြီးများကိုပဲ တာဝန်ပေး ဆောက်လုပ်ခိုင်းကြတာပါ။ ခရိုနီများကိုပဲ
အဝယ်တော်ခန့်လိုက်ကြတာပါ။ ဒီလိုနဲ့ လုပ်ငန်းကံထရိုက်ကို ပြိုင်ဖက်မရှိ
ရရှိတဲ့ လုပ်ငန်းရှင်က အရည်အသွေးညံ့ဖြင်းတဲ့ လမ်းတွေ၊
အဆောက်အအုံတွေဆောက်လုပ်အပ်နှံပြီး၊ အရည်အသွေးညံ့ဖြင်းတဲ့ ပစ္စည်းတွေကို
ဝယ်ယူပေးပြီး ပိုငွေကို သူကိုယ်တိုင်နဲ့ သူ့ကို အလုပ်ပေးတဲ့
စစ်ခေါင်းဆောင်ရဲ့ အိတ်ထဲ ထည့်ပြီး ကြီးပွါးခဲ့ကြတာပါ။ ဒါကြောင့်မို့
ခရိုနီသူဋ္ဌေးကြီးများနဲ့ ၎င်းတို့ရဲ့ အရှင်သခင်ဗိုလ်ချုပ်ကြီးများကသာ
တိုင်းပြည်ရဲ့ စီးပွါးရေးလောကကို လက်ဝါးကြီးအုပ်ချယ်လှယ်ခဲ့တဲ့ နဝတ၊
နအဖစစ်အစိုးရများ ခေတ်မှာ သိက္ခာရှိတဲ့၊ စင်ကြယ်တဲ့
အမျိုးသားစီးပွါးရေးသမားများအတွက် လွတ်လပ်မျှတစွာ
ယှဉ်ပြိုင်စီးပွါးရှာနိုင်တဲ့ အခွင့်အရေးမရှိခဲ့ပါ။
သမ္မတဦးသိန်းစိန်
တက်လာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သံများနဲ့ အတူ
ဈေးကွက်စီးပွါးရေးစနစ်ကို ပီပီပြင်ပြင်အကောင်အထည်ဖော်ရေး၊ လွတ်လပ်မျှတစွာ
ယှဉ်ပြိုင်စီးပွါးရှာမှုကို အားပေးရေးအစီအစဉ်တွေ
စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အရေးကြီးတဲ့
စီးပွါးရေးပြုပြင်ပြောင်းလဲမှုတစ်ခုကတော့ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှာ
ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် (၁/၂၀၁၃) ဖြစ်ပါတယ်။
အဲဒီ ညွှန်ကြားချက်အရ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဋ္ဌာနများ၊
နေပြည်တော်ကောင်စီနဲ့ အစိုးရရုံး၊ ဋ္ဌာနများအားလုံးဟာ နိုင်ငံတော်ဘဏ္ဍာဖြင့်
တည်ဆောက်ရေး၊ ဝယ်ယူရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ
ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး စည်းကမ်းသတ်မှတ်ချက်များနဲ့
ယှဉ်ပြိုင်ရွေးချယ်တဲ့ တင်ဒါစနစ်ကို ကျင့်သုံးရမှာဖြစ်ပါတယ်။
တင်ဒါများဖိတ်ခေါ်ဖို့နဲ့ စနစ်တကျ၊ မျှမျှတတရွေးချယ်ဖို့ ဋ္ဌာနအလိုက်
တင်ဒါကော်မတီ၊ ဝယ်ယူရေးကော်မတီများ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒါပေမည့်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လအတွင်းမှာ ဝန်ကြီးဋ္ဌာနအချို့ဟာ တည်ဆောက်ရေး၊
ဝယ်ယူရေးများအတွက် တင်ဒါခေါ်ယူခြင်းမရှိပဲ ဝန်ကြီးဋ္ဌာနအစီအစဉ်နဲ့
ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ထင်ရှားတဲ့ ဥပမာအချို့ကို အောက်မှာကြည့်ပါ။
ရုံး/ဋ္ဌာနများ
|
တင်ဒါခေါ်ယူခြင်းမပြုပဲ ဆောင်ရွက်သော လုပ်ငန်းအမျိုးအစား
|
ကုန်ကျငွေ (ကျပ်)
|
ပြည်ထောင်စုရာထူးဝန်အဖွဲ့
|
တည်ဆောက်ရေးလုပ်ငန်းများ
|
မဖော်ပြပါ။
|
နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန
|
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ယာဉ်/ယန္တရားများဝယ်ယူသည့် စာချုပ် (၆) စောင်
|
မဖော်ပြပါ။
|
သာသနာရေးဝန်ကြီးဋ္ဌာန
|
သာသနာရေးဦးစီးဋ္ဌာနမှ ဝယ်ယူသည့် ရုံးအသုံးအဆောင်များ
|
မဖော်ပြပါ။
|
သာသနာရေးဝန်ကြီးဋ္ဌာန
|
သာသနာတော်ထွန်းကားပြန့်ပွါးရေးဦးစီးဋ္ဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ၏ ဝန်ထမ်းအိမ်ယာဆောက်လုပ်ခြင်း
|
သန်းပေါင်း ၇၂ ဒသမ ၄၅၂
|
အားကစားဝန်ကြီးဋ္ဌာန
|
အားကစားနှင့်ကာယပညာဦးစီးဋ္ဌာန
(ရုံးချုပ်)၊ နေပြည်တော်မှ SEA Games တည်ဆောက်ရေးလုပ်ငန်းများ၊
ပြိုင်ပွဲလည်ဆွဲ၊ ဝတ်စုံ၊ Bill Board၊ Vinyl၊
မိုးပျံပူပေါင်းဝယ်ယူခြင်းများ
|
သန်းပေါင်း ၁၇၆ ဒသမ ၇၇၈
|
အားကစားဝန်ကြီးဋ္ဌာန
|
အားကစားနှင့် ကာယပညာသိပံ္ပ (ရန်ကုန်) မှ Open Shed (၅) လုံး တည်ဆောက်ခြင်း၊ 500 KVA ထရန်စဖော်မာ (၁) လုံးတည်ဆောက်ခြင်း
|
မဖော်ပြပါ။
|
အားကစားဝန်ကြီးဋ္ဌာန
|
အားကစားနှင့် ကာယပညာသိပံ္ပ (မန္တလေး) မှ ပစ္စည်းဝယ်ယူခြင်း
|
မဖော်ပြပါ။
|
ပညာရေးဝန်ကြီးဋ္ဌာန
|
မန္တလေးပညာရေးကောလိပ်မှ စားပွဲများ၊ ကုလားထိုင်များဝယ်ယူခြင်း
|
သန်းပေါင်း ၇ ဒသမ ၂၈၄
|
ကျန်းမာရေးဝန်ကြီးဋ္ဌာန
|
လုပ်ငန်းသုံးပစ္စည်းများ၊ ခရိုင်၊ မြို့နယ်ဆေးရုံများသို့ ဆေးဝါးဝယ်ယူထောက်ပံ့ခြင်း
|
သန်းပေါင်း ၄၄ ဒသမ ၆၁၄
|
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန
|
ရေအရင်းအမြစ်အသုံးချရေးဦးစီးဋ္ဌာနမှ လျှပ်စစ်မြစ်ရေတင်စီမံကိန်းအတွက် ဖလန်းပြားများဝယ်ယူခြင်း
|
သန်းပေါင်း ၅၅ ဒသမ ၃၉၅
|
ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန
|
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ
ရန်ကုန်-မန္တလေးအမြန်လမ်း တိုးဂိတ်များတွင် ကွန်ပြူတာနှင့်ဆက်စပ်ပစ္စည်းများ
လဲလှယ်တပ်ဆင်မှုလုပ်ငန်းအတွက် မြပန်ဝါကုမ္ပဏီအား ခွင့်ပြုရန်ပုံငွေ ကျပ် ၉၅
သန်းဖြင့် လုပ်ငန်းအပ်နှံရာတွင် တင်ဒါခေါ်ယူမှုမရှိခြင်း။
|
သန်းပေါင်း ၉၅
|
အထက်ပါဇယားကိုကြည့်ရင်
ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေပါတယ်ဆိုတဲ့ အချိန်ကာလမှာ
ဝန်ကြီးဋ္ဌာနအချို့ဟာ ယခင်စနစ်ဟောင်းကအတိုင်း ကျင့်ကြံနေကြတုန်းပဲဆိုတာ
တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံစီးပွါးရေးတိုးတက်ဖို့အတွက် ဈေးကွက်ကို
အမှန်တကယ်အခြေပြုပြီး ဈေးကွက်ထဲမှာ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းတွေ
မှန်မှန်ကန်ကန်၊ လွတ်လွတ်လပ်လပ်ယှဉ်ပြိုင်ဆောင်ရွက်နိုင်အောင်
နိုင်ငံတော်အစိုးရက ဘယ်သူ့ကိုမှ မျက်နှာသာမပေးပဲ၊ ဘယ်ဘက်ကိုမှ မလိုက်ပဲ
အားပေးကူညီရမှာပါ။ မှန်ကန်မျှတတဲ့ ယှဉ်ပြိုင်မှုတွေဖြစ်အောင်၊
အဂတိလိုက်စားမှုတွေ ပပျောက်အောင် အစိုးရက ဥပဒေ၊ နည်းဥပဒေများ၊
စည်းမျဉ်းစည်းကမ်းများနဲ့ ထိန်းသိမ်းကြီးကြပ်ပေးရမှာပါ။ အစိုးရအာဏာပိုင်နဲ့
ခရိုနီစီးပွါးရေးသမားတို့ ပူးပေါင်းပြီး နိုင်ငံဘဏ္ဍာတွေကို
အလွဲသုံးစားလုပ်တာမျိုး ထပ်မဖြစ်ပေါ်တော့အောင် အစိုးရကိုယ်တိုင်က
အင်အားစိုက်ထုတ် တားဆီးပေးရမှာပါ။ အခုလို သမ္မတရဲ့ အမိန့်ကိုလွန်ဆန်ပြီး
ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ပစ္စည်းဝယ်ယူရေးတွေကို တင်ဒါမခေါ်ပဲ
နီးစပ်ရာစီးပွါးရေးသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အစိုးရဋ္ဌာနတွေ
ရှိနေသ၍ သမ္မတရဲ့ သန့်ရှင်းသောအစိုးရဖြစ်ရေးရည်မှန်းချက်
အလှမ်းဝေးနေဦးမှာပါ။
(စာပြီးနေ့၊ ဩဂုတ်လ ၂၁၊ ၂၀၁၄)