ညိုထက်ညို - အရိုးပါ ဝါးစားနိုင်သော ငါး


ညိုထက်ညို - အရိုးပါ ဝါးစားနိုင်သော ငါး
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၄


ဒီည …
ခါတိုင်း ပိတ်ပိတ် ပစ်နေကျ
နောက်တစ်နေ့ အစီအစဉ် ကို သေသေချာချာ ကြည့်လိုက်မိမှ …
ဟာ …
ငါ မပါ ပါလား
အမှုန်အမွှား လေးလောက်တောင် မပါ ပါလား
အရိပ်အမြွက် လောက်တောင် မပါ ပါလား
ဖြတ်လျှောက် အဆင့်လောက်တောင် မပါပါလား
ဘုရားစူး လွတ်ရုံ လောက်တောင် မပါ ပါလား
ဟုတ်သားပဲ …
လူကြိုက်များဖို့ ဆိုတာ လွယ်သမို့လား
အေး …
ငါဟာ အရိုးပါ ဝါးစားနိုင်သော ငါး ။     ။