နေ၀န်းနီ (မန္တလေး) - ကျွန်​​တော်​နဲ့ အမျိုးသား​နေ့


နေ၀န်းနီ (မန္တလေး) - ကျွန်​​တော်​နဲ့ အမျိုးသား​နေ့
နိုဝင်ဘာ ၆၊ ၂၀၁၄
 
 

၁၃၇၆ ခုနှစ်​ တန်​​ဆောင်​မုန်းလဆုတ်​ (၁၀) နေ့ဆိုလျှင်​ (၉၄) နှစ်​​မြောက်​ အမျိုးသား​နေ့ကျ​ရောက်​​တော့မည်​။ ထိုအ​ကြောင်းကို​တွေး​တော​နေစဉ်​ ကျွန်​​တော့်​​စီသို့ လူငယ်​​လေးတစ်​ဦး​ရောက်​လာသည်​။

"ဆရာ ကျွန်​​တော့်​ကို အမျိုးသား​နေ့အ​ကြောင်း​လေး ​နည်းနည်း​လောက်​​ပြောပြပါလား"
"​ကျောင်းမှာ အဲဒီ​နေ့ ​ဟော​ပြောပွဲရှိတယ်​ဆရာ။ ကျွန်​​တော်​​ရော​ပြောရမှာ။ အဲဒါ​ကြောင့်​ အမျိုးသား​နေ့အ​ကြောင်း​လေး ဆရာ​ပြောပြပါ​နော်​"
                        
"​အေး​.....​ပြောပြရမှာ​ပေါ့ကွ။ နည်းနည်းမဟုတ်​ဘူး။ ငါသိသ​လောက်​ အမျိုးသား​နေ့အ​ကြောင်း အကုန်​​ပြောပြမယ်​"

ကျွန်​​တော့်​အ​နေဖြင့်​ ထိုသို့လာ​မေး​သောလူငယ်​​လေးများကို သူတို့သိချင်​သည့်​အ​ကြောင်းအရာများကို စိတ်​ရှည်​ရှည်​ထား၍​ ပြောသည်​။ ထို့ကြောင့်​ ဒီလူငယ်​​လေးအား အမျိုးသား​နေ့အ​ကြောင်းကို ကျွန်​​တော်​သိသ​လောက်​ အ​ကြောင်းစုံ​ပြောပြဖြစ်​ခဲ့သည်​။
         
ငါ့တို့မြန်​မာနိုင်​ကို အင်္ဂလိပ်​နယ်​ချဲ့က ၁၈၂၄ ခုနှစ်​ ဘကြီး​တော်​လက်​ထက်​မှာ ပထမအကြိမ်​ ကျူး​ကျော်​ပြီး ၁၈၅၂ ခုနှစ်​ ပုဂံမင်းလက်​ထက်​မှာ ဒုတိယအကြိမ်​ကျူး​ကျော်​တယ်​။ တိုင်းရင်းသားအ​ပေါင်းတို့ကလည်း ရရာလက်​နက်​ဆွဲ ရှိသမျှအင်​အား​လေးနဲ့ နယ်​ချဲ့​တွေကို​တော်​လှန်​ခဲ့တယ်​။ ဒီလိုနဲ့ ၁၈၈၆ ခုနှစ်​ ၊ ဇန်​နဝါရီလ (၁) ရက်​​နေ့ကစပြီး မြန်​မာတစနိုင်​ငံလုံး နယ်​ချဲ့လက်​​အောက်​ကျ​ရောက်​ခဲ့တယ်​။ အဲဒီက​နေစပြီး ငါ့တို့ မြန်​မာနိုင်​ငံဟာ အင်္ဂလိပ်​လက်​​အောက်​ခံ ကိုလိုနီနိုင်​ငံ (ကျွန်​နိုင်​ငံ) စာရင်းဝင်​ အမှတ်​စဉ်​ (၆၄) မှာ ပါဝင်​သွားတယ်​။ 

နောက်​ ခံပြင်းစရာတ​ခု​ကကွာ ငါ့တို့နိုင်​ငံကို ကျပ်​မပြည့်​​သောနိုင်​ငံလို့ သမုတ်​​အ​ခေါ်ခံရတယ်​။ ၁၉၂၀ ပြည့်​ဝန်းကျင်​ခန့်​မှာ​တော့ အမျိုးသား ပညာ​ရေးစနစ်​ကို ကျင့်​သုံးခွင့်​မ​ပေး​တော့ပဲ ကိုလိုနီကျွန်​ပညာ​ရေးကိုသာ ကျင့်​သုံး​စေတယ်​။ အဲဒီနှစ်​မှာပဲ နယ်​ချဲ့အစိုးရက မြန်​မာနိုင်​ငံမှာ သီးခြားတက္ကသိုလ်​တခုဖွင့်​လှစ်​ဖို့ ယူနီဗာစီတီ အက်​ဥပ​ဒေကို​ရေးဆွဲခဲ့တယ်​။ အဲဒီဥပ​ဒေမှာ ​ကျောင်းအိပ်​ ​ကျောင်းစား ​ဘော်​ဒါမ​က ​ကျောင်း မ​နေရလို့​ ရေးထားတယ်​ကွ။ အေး... အဲဒီ ယူနီဗာစီတီအက်​ဥပ​ဒေက ငါ့တို့မြန်​မာလူမျိုး​တွေ တက္ကသိုလ်​ပညာဆက်​သင်​ခွင့်​မရ​အောင်​ အမျိုးမျိုးကို ဟန့်​တားပိတ်​ဆို့ထားတယ်​။ကျောင်းစရိတ်​က​ဈေးကြီး စားဝတ်​​နေ​ရေးကကျပ်​တည်း​နေ​တော့ ​ကျောင်းမတက်​နိုင်​ကြ​တော့ဘူး​လေ။အရာရှိ၊ အရာခံ၊ ဗြိတိသျှတို့ရဲ့ သားသမီး​တွေ၊ ​ငွေ​ကြေးချမ်းသာသူတို့၏ သားသမီး​တွေသာ ပညာသင်​နိုင်​​တော့တယ်​။ ထိုဥပ​ဒေကို ဖျက်​သိမ်း​ပေးဖို့ ​ကျောင်းသားမိဘ​တွေက ​တောင်းဆိုတယ်​။

ဒါ​ပေမယ့်​ ၁၉၂၀ ဒီဇင်​ဘာလ ၁ ရက်​​နေ့မှာ ထိုဥ​ပ​ဒေကို အဓမ္မအတည်​ပြုခဲ့ကြတယ်​။ အဲဒီအချိန်​မှာ ဂျီစီဘီ​အေအသင်းကြီးနဲ့ ဆရာ​တော်​ ဦးဥတ္တမတို့ကမြန်​မာလူထုကို နိုင်​ငံ​ရေးမျက်​စိ​တွေဖွင့်​​ပေး​နေတယ်​။ အဲဒီအချိန်​မှာပဲ မြန်​မာလူမျိုးတို့ရဲ့မီးခဲ​ပေါ်ပြာဖုံး​နေတဲ့ မျိုးချစ်​စိတ်​ဓာတ်​​တွေနိုးကြားလာတယ်​။ (၅ ၊ ၁၂ ၊ ၁၉၂၀) ၁၂၈၂ ခု ၊ တန်​​ဆောင်​မုန်းလဆုတ်​ (၁၀) ရက်​၊ တနလာင်္​နေ့မှာ တက္ကသိုလ်​​ကျောင်းသားကြီး​တွေက နယ်​ချဲ့​တွေကို သပိတ်​​မှောက်​ပြီး​ တော်​လှန်​ခဲ့ကြတယ်​။ အဲဒီ​နောက်​​တော့ မြန်​မာနိုင်​ငံမှာရှိတဲ့ အထက်​တန်း​ကျောင်း (၄၂) ​ကျောင်း က သပိတ်​​မှောက်​ကြတယ်​။ သပိတ်​​မှောက်​​ကျောင်းသား​တွေကို ဗုဒ္ဓကလျာဏယုဝအသင်းက အကူညီ​ပေးတယ်​။ အမျိုးသားတက္ကသိုလ်​တည်​​ထောင်​​ရေးဆိုပြီး သပိတ်​​မှောက်​​ကျောင်းသား​တွေ အစည်း​ဝေးထိုင်​ပြီး ​ကော်​မတီတစ်​ခုဖွဲ့ခဲ့တယ်​။ အဲဒီ​နောက်​ ကိုယ်​ထူ ကိုယ်​ထ အမျိုး​ကျောင်း​တွေဖွင့်​လိုက်​တာ (၉၃) အထိရှိလာတယ်​။

၁၉၂၂ ခုနှစ်​ ၊ ဇွန်​လ (၁၇) ရက်​​နေ့ ရန်​ကုန်​မြို့မှာကျင်းပတဲ့ ဂျီစီဘီ​အေအသင်းကြီး၏ နဝမအကြိမ်​​မြောက်​အစည်းအ​ဝေးမှာ နယ်​ချဲ့​တွေ ကို သပိတ်​​မှောက်​ခဲ့​တဲ့ ၁၂၈၂ ခု ၊ တန်​​ဆောင်​မုန်းလဆုတ်​ (၁၀}) နေ့ကို အမျိုးသား​နေ့သတ်​မှတ်​ခဲ့တယ်​ကွ။

"ဟုတ်​ကဲ့ ဆရာ အခုလို စိတ်​ရှည်​ရှည်​နဲ့​ပြော​ပေးလို့​ ကျေးဇူပါ"
"​အေးပါကွာ.......​အေးပါ "

ထို့​နောက်​လူငယ်​​လေးက ကျွန်​​တော့်​ကို ရို​သေစွာထိုင်​ကန့်​​တော့ပြီး နှုတ်​ဆက်​၍ပြန်​သွား​လေသည်​။