နေ၀န်းနီ (မန္တလေး) - ငါ့တို့ခေတ်​မှာ နိုင်​ငံတကာအဆင့်​မှီဖို့အတွက်

နေ၀န်းနီ (မန္တလေး) - ငါ့တို့ခေတ်​မှာ နိုင်​ငံတကာအဆင့်​မှီဖို့အတွက်
နိုဝင်ဘာ ၅၊ ၂၀၁၄

 

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
မျိုးဆက်​သစ်​လူ​ငယ်​​တွေ
နိုက်​ကလပ်​၊ KTV ၊ မာဆက်​​တွေမှာ အပြည့်​ပဲ

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီဖို့အတွက်
မိန်းမပျိုးလေး​တွေ
ပျော်​​တော်​ဆက်​ဘဝ​ရောက်​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီဖို့အတွက်
မော်​ဒယ်​​တွေ ဖင်​​ပေါ်ပြီး
ပြိုင်​ပွဲဝင်​​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီဖို့အတွက်
ဝမ်​​ပေါင်​ဆီကို ဧရာဝတီပို့ထားတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
ပြည်​သူ​တွေကို ဓါးစာခံ ဖမ်းပြ​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
နိုင်​ငံတကာမှာ ​တောင်းစား​နေတယ်။