ကျော်ဟုန်း - ဒို့ တိုင်းဌာနေ စက်ရပ်သတင်း


ကျော်ဟုန်း - ဒို့ တိုင်းဌာနေ စက်ရပ်သတင်း
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၄

ဦးနှောက်နဲ့ 
နှလုံးသားဆက်နွယ်မှု
ပလပ်ကျွတ်နေတဲ့ တိုင်းပြည်။

တနိုင်ငံလုံး
လေစိမ်းသုန်သုန်။

လေစိမ်းတွေတိုက်နေတာကို
လေညင်းတွေတိုက်တာလို့ 
လိုရာဆွဲတွေး ဘာသာပြန်ချက်နဲ့ 
အခါခါ ရှိတာတောင်
အခါခါ မသိတဲ့ တိုင်းပြည်။

ခေါင်းကိုင်တွေကိုယ်တိုင်က
မျက်လှည့်ဆရာ
စိတ်လှည့်ဆရာတွေတဲ့။

မျက်လှည့်၊ စိတ်လှည့်
ပဉ္စလက်ပြိုင်ရင်း
ဇော်ဂျီဖိုဝင်သား လုစားကြ
ကျောင်းဆောင်ကြီးမှောက် သိဒ္ဓိပြ။

ဒီမှာ အရေထူနေကြပြီ၊
ကံရုံလို့  ဆူးပုံမနင်းကြတော့ဘူး၊
အကြံကုန်လို့ ဆူးပုံနင်းမယ်။

ဒီအချိန်က
တတိုင်းတပြည်လုံး
မီးတောင်မြုံတွေ အငွေ့ ထွက်ဖို့ 
အတွင်းအား ချော်ရည်ပူတွေ
ပျင်းကြောဆန့် နေချိန်ပေါ့။

မဝေးတော့တဲ့
တချိန်ချိန်မှာ …။    ။