ကျော်ဟုန်း - သူရဲကောင်း ၀ါဒ
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၄
ကိုယ်ပိုင် နာမ်၊ ရုပ်အတွက်
ဥဒသိံလုပ်နိုင်တယ်၊
အများပိုင် ရုပ်၊ နာမ်အတွက်
ဥပက္ခာ မပြုနိုင်သူ၊
ဒီလို ကမ်းနဲ့ ရေစီး
စည်းဘောင်ခြားရဲသူ။
ဝေဒနာတွေကို
အင်အားဖြစ်ဖို့ 
ပြန်စားသုံးတတ်သူ။
စေတနာတွေကို
ခွန်အားသစ်ဖို့ 
ပြန်မျှဝေတတ်သူ။
တကယ်တော့
ကိုယ့်ကိုယ်ကို
ခုခံကာကွယ်ရင်း
အများတွက်
ကာကွယ်ခုခံခဲ့ရ၊
သူရဲကောင်းဆိုတာ
သူရဲဘောကြောင်လွန်းမှ
ဖြစ်တာဆိုပဲ။
သတ်မှတ်ချက်ဆိုတာ
သတ်မှတ်သူရဲ့
စေတနာအတိုင်းပေါ့လေ။
သေခြာတာက
သူရဲကောင်းဆိုတာ…
ကိုယ်ပိုင် နာမ်၊ ရုပ်အတွက်
ဥဒသိံလုပ်နိုင်တယ်၊
အများပိုင် ရုပ်၊ နာမ်အတွက်
ဥပက္ခာ မပြုနိုင်သူ။ ။