ဇော်ထက်(ပျဉ်းမနား) - “လက်ညှိုး တချောင်းနဲ့ နွေမထူး ဇာတ်လမ်း”


ဇော်ထက်(ပျဉ်းမနား) - “လက်ညှိုး တချောင်းနဲ့ နွေမထူး ဇာတ်လမ်း”
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၄

လုယက် ဆိုးပျော်
သူ့လက်ညှိုးပေါ်မှာ
မရှက်နိုင် သူ့ခမျာ
အသက်ကို လုကာပြေးနေတဲ့
ကလေးတယောက်ပေါ့
ခေါက် ကနဲ
ငေါက် ကနဲ
နာဇီကားတွေထဲသွား
အသည်းများ တထိတ်ထိတ်
ငရဲတံခါး ထိပ်
အသက်မစေ့ …… ဂျိတ်
မျက်စေ့မှိတ်လို့ ထားမိ
အတိတ်ကို ကြည့်
ကြိတ်ငိုမိတဲ့ ဇာတ်ကား……။

ဂျူးမကလေး လား
ဂျူးကလေး လား
သနားစရာ
သူ့အသက်ခမျာ
လု့ဘ၀ဂ်မှာ
မသက်မသာ
အသက်ပါလျှက်
သက်ဆိုးကလေး
လက်ညှိုးတကွေးမှာ တချက်
မပြတ်တွေးရ အခက်
ဇာတ်ဆွေးက ဆက်
သူ့အသက်က ဖက် 
ထွက်…။

လူဇာတ် အမျိုးမတူဟာမို့
သူသတ် ခိုးယူတာများ
ကမ္ဘာချီ မိုက်တဲ့
နာဇီတသိုက် လား 
ထားပါတော့လေ … ….
နွေဦးယဲ့ယဲ့ ထမ်းလာတဲ့
သေမထူးတဲ့ လမ်း
ရွှေအရူုးုရဲ့  စခန်းမှာက
ကြည့်စမ်းကြပါဦးလေ
ယမက် ခိုးဝေ
တသက်ခိုး မသွေ
အဖျက်မျိုး တစ္စေ
လက်ညှိုးတွေက
သက်ဆိုးရှည် သမျှ
ဥာဏ် တနနပေမဲ့
အကြံရ သမျှ
ဖန်ကြ သမျှ
ဟန် တကျကျပေမို့
မာန်က မချ
ရန်တစစ
လှံတကြွကြွ
ဟန် တပြပြတွေနဲ့
မာန်တထထ အသွင်အခုထိ
အင်္ဂုလိမာလရယ်
တရားလား မချပြနဲ့
ခင်ဗျားဓား မြမြနဲ့
အဟုတ်ချ ရမလား
ဒုက္ခဘ၀ ခြားစေဖို့
ကျုပ်က ခဏငှားချင်လေရဲ့ … … ။

(photo credit - Aung Htet)