ဟန်သစ်နိုင် - အာဆီယံအစည်းအဝေးကာလ မြန်မာတို့ ဆန္ဒပြ


ဟန်သစ်နိုင် - အာဆီယံအစည်းအဝေးကာလ မြန်မာတို့ ဆန္ဒပြ
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၄

    နိုဝင်ဘာ ၁၂ရက်နေ့တွင် ပြည်သူ့လှုပ်ရှားမှုမြင့်တင်ရေးကွန်ယက်မှ ဦးဆောင် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တတ်ကြွလုပ်ရှားသူများ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ချက်ချင်းပြင်၊ ပုဒ်မ ၆/စ -  ၅၉/ဃ ချက်ချင်းပြင် ၊ ပြည်သူ့လက်မှတ် (၅)သန်းအရေးထးဆောင်၇ွက်ပေး၊ လွှတ်တော်ထင်တဲ့ ပီအာရ်စနစ်ချက်ချင်းရပ် ဟူသောကြွေးကြော်သံများဖြင့် ရန်ကုန်မြို့ လှည်းတန်းမီးပွိုင့်အနီးမှ စတင် နာနတ်တောလမ်း၊ ကျွန်းတောလမ်းများတစ်လျှောက် ချီတတ်ဆနပြထုတ်ဖော်ပြီး ဂျမ်းရှင်းစကွဲ စင်တာအရှေ့တွင် ပြီးဆုံးခဲ့သည်။

    နှစ်နှစ်ငံ အာဆီယံအစည်းအဝေးကာလတွင်  ဧည့်သည်တော်များအသွားအလာများပြီး အနှောက်ယှက်ဖြစ်မည်စိုးသဖြင့် ၄င်းဆ န္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ၁၆ရက် တာမွေမြို့နယ် ဟစ်တိုင်နေရာတွင် ခွင့်ပြုခဲ့ကြောင်း ၊ ဆန္ဒထုတ်ဖော်ပွဲသည် ခွင့်ပြုချက်ရသော်လည်း နေရာနှင့် နေ့ရက်ကိုမလိုက်နာသည့်အတွက် ဦးဆောင်သူအား ပုဒ်မ၁၉ဖြင့်တရားစွဲသွားမည်ဟု ကမာရွတ်မြို့နယ် ရဲမှူးကြီးဦးဇော်ဝင်းက ပြောသည်။


    ၄၃၆ ပြင်ဆင်ဖို့ ပြည်သူအားလုံး လက်မှတ် ၅သန်း ထိုးထားသော်လည်း အရေးပေါ် ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ ပြည့်သူ့လွှတ်တော်ထဲတွင် တပ်မတော်က ဝင်ထိုင်နေခြင်းကြောင့် တပ်မတော်မှ ပြည့်သူ့အသံ ပြည့်သူ့ဆန္ဒ္ဒ္ဒကို လေးစားစွာအသိမှတ်ပြုသင့်ကြောင်း ကြည့်မြင်တိုင်လူမှုကွန်ယက်မှ ကိုထွန်းထွန်းကျော်မှ ပြောသည်။

    မြန်မာပြည်သူများဆ န္ဒ္ဒ္ဒ္ဒထုတ်ဖော်တောင်းဆိုနေခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးသော အမေရိကန်သမတနှင့် အာဆီယံထိပ်သီးအစည်းအဝေးမှ ပုဂ္ဂိုလ်များ သိရှိအောင်၊ ၄င်းပုဂ္ဂိုလ် များမှ မှန်ကန်သောလမ်းစဉ်တွေချက်မှတ်ပေးပြီး မိမိတို့အားပိုမိုထောက်ခံပူးပေါင်းပေးဖို့ တောင်းဆိုနေကြောင်း လူမှုမြင့်တင့်ရေးကွန်ယက်မှ ကိုမြတ်ကျော်ကပြောပြသည်။

    ဆက်လက်ပြီး “သမ္မတအပါအဝင်ကမ္မ္ဘာ့ဒီမိုကရေစီ နိုင်ငံမှ ခေါင်းဆောင်တွေရောက်နေတဲ့အချိန် မြန်မာပြည်သူလူထုရဲ့ အနာဂတ်ကိုခြိမ်းခြောက်ခံထားရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွတ်လပ်စွာတောင်းဆိုတာ ပိတ်ပင်တားမြစ်ခြင်းခံရတယ်” ဟုပြောသည်။