မိုးမခမဂ္ဂဇင်း နိုဝင်ဘာ ၂၀၁၄ ရန်ကုန်ထုတ် ထွက်ပါပြီ



မိုးမခမဂ္ဂဇင်း နိုဝင်ဘာ ၂၀၁၄ ရန်ကုန်ထုတ် ထွက်ပါပြီ
မိုးမခစာအုပ်စင်၊ နိုဝင်ဘာ ၉ ၊ ၂၀၁၄

တလထက်တလ ပြည်တွင်း ပြည်ပက မြန်မာစာရေးဆရာတွေ စုံလင်အောင် ကြိုးစားနေရလို့ မြန်မာပြည်ရဲ့ အနီးအဝေးက ခေတ်ပြိုင်ခံစားချက်တွေ စုံစုံလင်လင် ပါဝင်စေချင်လို့၊ ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် အားထုတ်နေရလို့ ဆိုတဲ့ အကြောင်းပြချက်တွေ ထုတ်ပြောမနေတော့ပါဘူး ... ၂၀၁၄ နိုဝင်ဘာလအတွက် မိုးမခမဂ္ဂဇင်း ရန်ကုန်မှာ ထွက်ပါပြီ။ အမှတ် ၈ ကို တိုင်ခဲ့ပါပြီ။ 

စာအုပ်ဆိုင်တိုင်းမှာ မေးဝယ်ပါ။ ဆိုင်များကနေ လစဉ်မှာယူထားသူများ သွားရောက် ထုတ်ယူပါ။ စာကြည့်တိုက် စာဖတ်အသင်းများက အခမဲ့ ထုတ်ယူကြပါ။ မိုးမခ၀ိုင်းတော်သား စာပေနဲ့ စာနယ်ဇင်းမိတ်ဆွေများအတွက် မေတ္တာလက်ဆောင် သီးသန့် ရယူပါ။ စင်္ကာပူပရိသတ် မြသရဖူစတိုးမှာ မေးဝယ်ပါ။  မြန်မာပြည်ပြင်ပ စာတိုက်ကနေမှာသူတွေကတော့ လကုန်လောက်မှ စာအုပ်ရလိမ့်မယ်။