ထက်မြက် - မသာမစ္ဆရိယ (A VILLAGE SINGER, BY MARY WILKINGS FREEMAN)


ထက်မြက် - ဣသာမစ္ဆရိယ (A VILLAGE SINGER, BY MARY WILKINGS FREEMAN)
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၄
 မိုး မ ခ ဘာ သာ ပြ န် ၀ တ္ထု တို
 

    သစ်ပင်များတွင် ရွက်သစ်များ ဝေလာပြီး တောင်လေလည်း သွေးလာပြီ။

    ရွက်သစ်များကြား လေတိုးသံ ကြားနေရလေသည်။ သစ်ရွက်လှုပ်သံ၊ လေတိုက်သံများသည် ထိုနှစ်အဖို့ အစောဆုံးကြားလိုက်ရသော နွေဦးတေးသံများ အဖြစ် လူတိုင်း သတိထားမိသည်။

    မကြာသေးမှီ ရက်ပိုင်းအတွင်း နွေဦးသည် အဆောတလျင် ရောက်ရှိလာပေပြီ။

    သစ်ရွက်တို့ကို လေတိုးသံ၊ သစ်ပင်တို့၏ လှုပ်ရှားသံများသည် ကျေးရွာဘုရားကျောင်းအတွင်းသို့ အသံ ပေး၍ ဝင်လာသည်။

    ရွာသားတို့သည် ဝတ်ပြုရန် ဘုရားကျောင်းအတွင်း၌ စုဝေးနေကြပြီး ကျောင်းပြတင်းပေါက်အာလုံးကို ဖွင့်ထားသည်။ ထိုနေ့မှာ မေလ၏ အလွန်နွေးထွေးသော တနင်္ဂနွေနေ့ တစ်နေ့ပင်ဖြစ်ပါသည်။

    တိုးညှင်းညင်သာသော သဘာဝဂီတသံသည် ဘုရားကျောင်းတစ်ကျောင်းလုံး လွှမ်းခြုံထား၏။ သစ်ရွက် လှုပ်ခပ်သံ၊ တောင်လေတိုးတိုက်သံနှင့် ကျေးငှက်တို့၏ တေးဆိုသံတို့ကလည်း သာယာစွာ စည်းချက်ညီညီ ထွက်ပေါ်နေသည်။

    ထိုအချိန်၌ ဘုရားကျောင်း ဓမ္မတေးအဖွဲ့က ဓမ္မတေးကို စတင်သီဆိုလိုက်တော့သည်။

    အမျိုးသမီး အဆိုအဖွဲ့၏ အလယ်တွင် အယ်လ်မာဝေး ရပ်နေသည်။

    လူအားလုံးက သူမကို ဝင်းကြည့်နေကြ၏။ သူမ၏ သီချင်းသံကိုလည်း စူးစမ်းသည့်အနေဖြင့် နားစွင့် ထားကြလေသည်။

    အယ်လ်မာဝေးသည် ဘုရားကျောင်း ဓမ္မတေးအဖွဲ့၏ အမျိုးသမီး အဆိုတောခေါင်းဆောင် အသစ်ဖြစ် သည်။ ယခင်တုန်းက ဤနေရာတွင် ကင်ဒေ့စ်ဝှစ်ကွန် ရှိခဲ့ဖူး၏။ ဤအဖွဲ့ တွင် ခေါင်းဆောင်အဆိုတော်အဖြစ် အ နှစ်လေးဆယ်ကြာအောင် သီဆိုခဲ့ပါသည်။ ယခုတော့သူမမှာ အသက်ကြီးသွားပါပြီ။ ယခင်တုန်းကလို မဆိုနိုင် တော့။ ထို့ကြောင့် ဤနေရာမှ သူမကို အနားပေးခဲ့လေသည်။

    သူမ၏အသံမှာ တုန်ယင်ပြီး ရှတတဖြစ်လာသည်။ အသံမြင့်များကိုလည်း ကောင်စွာမဆိုနိုင်၊ မဆွဲနိုင် တော့ဟု ပရိတ်သက်က သိလာကြသည်။ ထို့ကြောင့် ဘုရာကျောင်း အုပ်ချုပ်ရေးအဖွဲ့ သို့ တိုင်စာများ ရောက် လာ၏။ အုပ်ချုပ်ရေးအဖွဲ့ သည် အချိန်တော်ကြာအောင် စဉ်းစားဆွေးနွေးပြီးနောက် အဆိုတော် ဟောင်းကြီးကို အနားပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။

    ထိုဆုံးဖြတ်ချက်ကို သူမအား အသိပေးရာတွင် အတတ်နိုင်ဆုံး အေးအေးဆေးဆေး ညင်ညင်သာသာ ပြောဖို့လည်း သဘောတူကြသည်။

    ယခင်အပတ် တနင်္ဂနွေနေ့က ဤနေရာတွင် သူမနောက်ဆုံး သီဆိုသွားခဲ့ပါသည်။ ယခုအပတ်မှာတော့ အယ်လ်မာဝေးက သူမနေရာတွင် ဝင်ရောက်သီဆိုလာခြင်း ဖြစ်လေသည်။

    ဓမ္မတေးအဖွဲ့ တွင် သီဆိုသူအများကြီးရှိသည်။ ထိုအထဲမှ အော်ဂင်တီးသူနှင့် ခေါင်းဆောင်အဆိုတော်ကို သာ လစာပေးထားသည်။ လစာကိုလည်း အလွန်ပင် ထိုက်ထိုက်တန်တန် ပေးထားသည်။ ငယ်ရွယ်သော မန်းမ ပျိုကလေးတစ်ဦးအနေဖြင့် ထိုလစာမှာ များလွန်းသည်ဟု ရွာသားများကထင်ကြသည်။

    အယ်လ်မာသည် ရွာနီးချုပ်စပ်ဖြစ်သော အရှေ့ ဒါဘီမှ ဖြစ်သည်။ ထိုနယ်တစ်ခွင်မှာတော့ အသံကောင်း၊ အဆိုကောင်းတစ်ယောက်အဖြစ် နာမည်ကြီး ကျော်ကြားနေသူလေးလည်း ဖြစ်ပေသည်။

    ယခု အိနြေ္ဒကြီးလှသော သူမ၏ မျက်လုံးဝုင်းကြီးများကို တစ်နေရာတည်းစူစိုက်၍ စိတ်ငြိမ်သွားအောင် လုပ်နေသည်။ နူးညံ့သွယ်လှသော မျက်နာနုနုလေးမှာလည်း သွေးဆုတ်သွားသလို ဖြူရော်နေလေသည်။ ဦး ထုပ်တွင် ထိုးစိုက်ထားသည့် ပန်းပွင့်ပြာကလေးများမှာ လှုပ်ခါနေ၏။ သူမ၏ လက်ချောင်းကလေးများကို လက် အိပ်စွပ်ထားပြီး သီချင်းစာအုပ်ကိုင်ထားသော ထိုလက်ချောင်းသွယ်လေးများမှာ သိသိသာသာ တုန်နေကြသည်။

    ဓမ္မတေးကို စဆိုလိုက်သည်နှင့် သူမအသံမှာ စူးစူးနစ်နစ် ထွက်ပေါ်လာတော့သည်။  ဘုရားကျောင်း ဓမ္မ တေးတီးဝိုင်းတွင် ပွဲဦးထွက်ဆိုရသဖြင့် မိမိကိုယ်ကို ယုံကြည်မှု နည်းနေ၏ ။ ပရတ်သက်ကိုလည်း ကြောက်နေ သည်။

    ထို့ကြောင့် သီချင်းစလိုက်သည်နှင့် သူမ၏အသံမှာ အသံကိုမထိန်းနိုင်ဘဲ ကျယ်လောင်စူနစ်စွာ ထွက် ပေါ်လာခြင်းဖြစ်သည်။ ကောင်းကင်ကိုကျော်၍ ကမ္ဘာကိုလွှမ်းသွားမလား ထင်ရသည်။ သို့သော် အသံညှစ်ပြီး အော်လိုက်ရသောကြောင့် ကြောက်စိတ်လျော့ပြီး ရဲဆေးတင်ပေးလိုက်သလို ဖြစ်သွားတော့သည်။ ဝိုင်းဆိုနေရာ မှ ဓမ္မတေး၏ အလယ်ပိုဒ်ရောက်သည့်အခါ တစ်ဦးတည်း ဆိုရတော့သည်။ ကြည်လင်ချိုသာသော သူမ၏ပင် ကို သံက သာယာစွာထွက်ပေါ်လာတော့သည်။

    ဘုရားကျောင်းထဲရှိ လူအားလုံးမှာ ခေါင်းတညိတ်ညိတ် ဖြစ်နေကြသည်။ တစ်ယောက်မျက်နာ တစ် ယောက်ကြည့်ရင်း ကျေနပ်အားရနေကြလေသည်။

    ထိုအခိုက် အသံတစ်သံက ရုတ်တရက် ပေါ်ထွက်လာ၏။ လူအာလုံး တောက်လက်ခြမ်းမှ ပြတင်းပေါက် များဆီ ခေါင်းများ ပြိုင်တူလှည့်သွားကြသည်။

    ထိုအသံသည် အမျိုးသမီးတစ်ယောက်၏ အသံဖြစ်သည်။ သစ်ရွက်များပွတ်တိုက်၍ တိုက်ခက်လာ သော လေတိုးသံနှင့် ကျေးငှတ်တို့၏ ကျီကျီကျာကျာ အောမြည်သံတို့ကို လွှမ်းကျော်လာသည်။ အယ်လ်မာဝေး ၏ အသံချိုချိုလေးကို ဖုံးလွှမ်းသွားသည်။

    ထိုအမျိုးသမီးသည် အခြား ဓမ္မတေးတစ်ပုဒ်ကို အခြားတီးကွက်ဖြင့် သီဆိုနေခြင်း ဖြစ်လေသည်။

    “သူ မဟုတ်လား”

    အမျိုးသမီးများက တီးတိုးပြောကြ၏။ အပြုံးတစ်ဝတ်၊ အံ့သြတစ်ဝတ်နှင့် ကြည့်နေကြသည်။

    ကင်ဒေ့စ်ဝှစ်ကွန်၏ အိမ်ကလေးသည် ဘုရားကျောင်းနှင့် ကပ်လျှက် တောင်ဘက်ခြမ်းတွင် ရှိသည်။ ကင်ဒေ့စ်သည် အိမ်ရှေ့ ဧည့်ခန်းမှ အော်ဂင်ကို တီးနေ၏။ ဘုရားကျောင်းထဲမှ ဓမ္မတေးသီဆိုနေသော သူမ၏ ပြိုင်ဘက်အား လွှမ်းသွားအောင် ဓမ္မတေးတစ်ပုဒ်ကို အသံကုန် ဟစ်ဆိုနေလေသည်။

    အယ်လ်မာ အသက်ရူမှားသွားသည်။ ဆိုလက်စတေးများကို ရပ်ပစ်လိုက်ရ၏။ ကိုင်ထားသော ဓမ္မတေး စာအုပ်ကလေးကို ယပ်တစ်ချောင်းလို ခတ်နေမိသည်။

    နောက် သူမ ဆက်ဆိုသည်။

    သို့သော်လည်း သံစဉ်မညီသော အက်တက်တက် အော်ဂင်သံ၊ မပြတ်ဟစ်အော်နေသော စူးစူးနစ်နစ် သီချင်းသံတို့ကို သူမ၏အသံက မကျော်လွှားနိုင်။ ထိုအချိန်တွင် ထိုအသံတို့ထက် ပိုကျယ်သောအသံလည်း ရှိမည်မထင်ပေ။

    တေသွားပိုဒ် ပြီးသွားသည်နှင့် အယ်လ်မာထိုင်ချလိုက်သည်။ စိတ်ပန်းလူပန်း ဖြစ်သွားသည်။

    ဘေးရှိ အမျိုးသမီးကြီးတစ်ဦးက ရှူဆေးဘူးလေးကို လက်ထဲထိုးထည့်ပေးရင်း -
    “ဒါဟာ စိတ်ဆင်းရဲစရာ မဟုတ်ပါဘူးကွယ်”
    ဟု ခပ်တိုးတိုး အားပေးသည်။
  
    အယ်လ်မာကလည်း ကြိုးစာပြီး ပြုံးပြရှာသည်။

    ထိုအချိန်၌ ခန်းမထဲရှိ ပရတ်သက်များ၏ နောက်ဆုံတန်းတွင် ရပ်နေသော လူငယ်တစ်ယောက်က သူမ ကို စာနာထောက်ထားစွာ ငေးစိုက်ကြည့်နေလေသည်။

    နောက်ဆုံးသီးချင်းတွင် အယ်လ်မာတစ်ကိုယ်တော်ဆိုရသော သီချင်းပိုဒ်ကို ရောက်လာသည်။ အိမ် လေး၏ ဧည့်ခန်းဆီမှ အော်ဂင်သံကလည်း ကျယ်လောင်စွာ ပေါ်လာပြန်သည်။ အဆိုနှင့်အတီး လိုက်ဖတ်ညီ အောင် ညင်သာစွာတီးမှုတ်နေသော ဘုရားကျောင်းအော်ဂင်သံကို လွှမ်းကျော်သွား၏။ ထိုတီးလုံးသံနှင့်အတူ ကင်ဒေ့စ်ဝှစ်ကွန်၏ ကျယ်လောင်သော သီချင်းသံကလည်း စူးစူးနစ်နစ် ထွက်ပေါ်လာပြန်သည်။

    ဘုရားဝတ်ပြုပွဲပြီးသည့်အခါတွင် အဆိုအဖွဲ့ သားများက အယ်လ်မာ့ထံ ဝိုင်းလာကြသည်။

    သူတို့တစ်တွေက ခံပြင်းမှုနှင့် စာနာမှုကို သူမက ခေါင်းညိတ်ရုံသာ တုံ့ပြန်နိုင်သည်။ ဝဲကျလာသော မျက် ရည်စတို့ကို လူမမြင်အောင် မသိမသာသုတ်ပြီး ကြိုးစား၍ ပြုံးနေလိုက်သည်။

    ဘုရားကျောင်းဓမ္မတေးအဖွဲ့ ၏ ခေါင်းဆောင်ဖြစ်သူ ဝီလျန်အင်မွန်က အယ်လ်မာ့ထံ ရောက်လာသည်။ သူလည်း အသက်မငယ်တော့။ လူကြီးပိုင်းရောင်နေပြီ။ သို့သော ကိုယ်လုံးကိုပေါက်မှာ တောင့်တောင့်တင်းတင်း ရှိသည်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတို့ကို ရိတ်သင်ထားသည်။ ရွာတွင် ဂုဏ်သိက္ခာရှိပြီး ဂီတနှင့်ပတ်သက်၍ နား လည်တက်ကျွမ်းသူ ဂီတပညာရှင်တစ်ဦးဖြစ်သည်။ ရွာ၏ အဆိုအတီးကလပ် ခေါင်းဆောင်ဖြစ်သလို အဆိုသင် တန်း ကျောင်းအုပ်ကြီးလည်း ဖြစ်ပေသည်။

    “ဒီလိုလုပ်တာ တော်တော်ရိုင်းတာပဲ”

    ဟု သူကပြောသည်။

    သူနှင့် ကင်ဒေ့စ်ဝှစ်ကွန်တို့မှာ ယခင်က တွဲခဲ့ဖူးသည့် ဓမ္မတေးအဖွဲ့ မှ အမျိုးသား အဆိုခေါင်းဆောင် လူ ပျိုကြီးနှင့် အမျိုးသမီးအဆိုခေါင်းဆောင် အပျိုကြီးတို့ အတွဲကို လူများက သမုတ်ခဲ့ဖူးသည်။

    ဘုရားကျောင်းနှင့် ကပ်လျက်သားတွင်ရှိသော သမ၏အိမ်တွင် စနေနေ့ညတိုင်း အဆိုလေ့ကျင့်ပြီးသည် နှင့် နှစ်ယောက်သား အပြင်ထွက် လမ်းလျှောက်တက်သည်မှာ ထုံးစံဖြစ်ခဲ့သည်။ သူမအိမ်ဧည့်ခန်းထဲတွင် အော် ဂင်တီးပြီး သီချင်းကို စုံတွဲ ဆိုလေ့ရှိသည်မှာလည်း ထုံးစံလိုဖြစ်ခဲသည်။

    လူအများက သူမ၏မျက်နာကို ကြည့်၍ အကဲခတ်ခဲကြသည်။ ဘုရားကျောင်းထဲရှိ အဆိုတော်များ၏ သီး သန့်နေရာသို့ ဝီလျံအင်မွန် ဝင်လာသောအခါ ကင်ဒေ့၏မျက်နာမှာ သနားစရာကောင်းလောက်အောင် ရှက်သွေး ဖြာပြီး နုပျိုသွားတက်သည်။ ထိုအခြေအနေများကြောင့် လူပျိုကြီးက အပျိုကြီးကို လပ်ထပ်ခွင့်တောင်းပြီး၊ မပြီး ဆိုသည်ကို ရွာသားများက သိချင်ခဲ့ကြသည်။

    ယခု ယခင်လို မဟုတ်တော့။

    အယ်လ်မာဝေးကို ဝီလျံအင်မွန်က အားပေးစကားပြောနေသည်။

    ကင်ဒေ့စ်ဝှစ်ကွန်မှာ အသက်ကြီးသွားပြီဖြစ်၍ အသံ မကောင်းတော့၊ အသံတုန်ပြီ၊ အသံအက်လာပြီ၊ သူ မအခြေအနေကို သူက သိဖို့ကောင်းပြီဟု သူက ပြောပြလေသည်။

    ဝီလျံအင်မွန် ထွက်သွားပြီးနောက် အယ်လ်မာသည် အဆိုတော်များရှိရာ အခန်းထဲဝင်သွားသည်။ စကား တွတ်ထိုးနေသော အဖွဲ့ သားများမှာ အစကလောက် စကားမများနိုင်တော့။ အရှိန်ကျသွားပြီး တေးဆိုနေသော ငှတ်ကလေးများ မောလာသည့်အခါ ကျီကျီကျာကျာ မြည်သံပေးနေသလိုမျိုးဖြစ်သည်။

    ဘုရားကျောင်းမှ ဓမ္မဆရာကလည်း အားပေးစကားပြောရန် သူမထံလျှောက်လာသည်။ သူသည် တည် ကြည်အေးဆေးသော လူဝကြီးတစ်ဦးဖြစ်၍ ဘုရားကျောင်းတစ်ကျောင်းပြီးတစ်ကျောင်း၊ တရားဟောပလ္လင် တစ် ခုပြီးတစ်ခု ပြောင်းရွှေ့ ဟောကြားခဲ့သည်မှာ နှစ်ပေါင်းလေးဆယ် ကျော်ခဲ့လေပြီ။

    ယခုကဲ့သို့ အနှောက်အယှက်ခံရ၊ အစော်ကားခံရသည့်အတွက် သူစိတ်မကောင်းကြောင်း၊ နောင် မဖြစ် အောင် တစ်ခုခုလုပ်ရမည်ဖြစ်ကြောင်း အယ်လ်မာကို အေးအေးဆေးဆေး ပြောပြနေလေသည်။

    “မစ္စဝှစ်ကွန်အနေနဲ့ ဆင်ခြင်တုံတရား ရှိရမှာပေါ့လေ”

    ပြောနေရင်း သူ့စကားမှာ အနည်းငယ် ဆိုင်းသွားသည်။ တစ်ခုခုကို တွေးနေပုံရလေသည်။ နောက် ခန်း မအလယ် မင်းလမ်းအတိုင်း အယ်လ်မာနှင့်အတူ လျှောက်လာ၏။ တံခါးပေါက်တွင် အယ်လ်မာကို စောင့်နေ သော ဝီလ်ဆင်ဖို့အား တွေ့ သောအခါ ‘မင်္ဂလာပါ’ ဟု နှုတ်ဆက်ပြီး ထွက်သွားသည်။

    ဝီလ်ဆင်နှင့် အယ်လ်မာတို့ ကျန်ခဲ့သည်။ ဆယ်နှစ်လောက်ကတည်းက တွဲခဲ့ကြသော ချစ်သူများအဖြစ် လူတိုင်း သိကြပေသည်။
    အယ်လ်မာသည် ရှက်သွေးဖြန်းသွားပြီး မဆန်းတော့သလို ဟန်လုပ်ကာ ခေါင်းကို တစ်ချက်ယမ်းလိုက် သည်။ သူမကိုယ်ပေါ်မှ ပိုးသားဝတ်စုံနှင့် ခြုံထည်ဇာပဝါပါးလေးမှာ လေအဝှေ့တွင် တဖျပ်ဖျပ် လွင့်နေပေသည်။

    ယခုမှ တွေ့ ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် ဘာစကားမှမပြောကြ။ တစ်ယောက်မျက်နာ တစ်ယောက် ကြည့်လည်းမနေကြ။ ကြည့်မိလျှင် မနက်ကအဖြစ်ကို သတိပေးလိုက်သလို ဖြစ်မှာစိုးသည်။ ထို့ ကြောင့် ဘေးချင်းယှဉ်လျှက်သာ လှမ်းထွက်ခဲ့ကြလေသည်။

    ဘုရားကျောင်းဝင်း၏ တစ်ဖတ်တွင် ကင်ဒေ့စ်ဝှစ်ကွန်၏ အိမ်ပုကလေးရှိသည်။ ဝီလ်ဆင်က ထိုအိမ်လေး ကို လှမ်းကြည့်လိုက်သည်။ ပန်းရောင်နှင့် အဖြူရောင် ပန်းပွင့်ကလေးများပွင့်နေသည့် ပန်းချူံ၊ ပန်းနွယ်များသည် ခြံစည်းရိုးပေါ် လွှမ်းအုပ်ထား၏။ ပြတင်းပေါက်များကို ဇာခန်းဆီးများ တပ်ထားသည်။

    ဖြူဖွေးသေးသွယ်သော ကင်ဒေ့စ်ဝှစ်ကွန်၏ ဘေးတစောင်းပုံရိပ်သည် ကိုယ်ကို မတ်မတ်ထိုင်လျှက် စာ ဖတ်နေသည်။ စိုက်ကြည့်နေသော ဝီလ်ဆင်သည် ခေါင်းကို တစ်ချက်ဆက်လိုက်၏။ သူသည် သန်မာတောင့် တင်းသူတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်ဖွဲ့ စည်းမှုမှာ ကြွက်သားများဖြင့် ဖုထစ်လုံးကြွလျှက် အလွန်သန်းစွမ်းသူ တစ် ယောက် ဖြစ်ပုံရလေသည်။

    “မင်းကို အစ်ကို အိမ်လိုက်ပို့မယ် အယ်လ်မာ၊ နောက်မှ ဒီကိုပြန်လာမယ်၊ ကျောင်းမှန်းကန်မှန်းသိ အောင် ဒေါ်လေးကင်ဒေ့စ်ကို ပညာပေးရဦးမယ်၊ နောင်မှတ်သွားအောင် ထိုးပစ်လိုက်ရမယ်”

    “အို…ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ ဝီလ်ဆင်”

    “ဘာလို့မဖြစ်ရမှာလဲ၊ ကိုယ်တော့ လုပ်ရလိမ့်မယ်။ အခု အနေအထားအတိုင်း မင်းနေချင်တယ်၊ အခုလို အနှောက်အယှက်ပေးနေတာ ခံနေချင်တယ်ဆိုရင်တော့ ငါဘာမှ လုပ်စရာမလိုဘူးပေါ့ကွာ”

    “အစ်ကို့ အဒေါ်ကို အစ်ကိုသွားပြောနေစရာ မလိုပါဘူး၊ မစ္စတာပေါ့ဒ်က သွားပြောမှာပါ”

    “သွားပြောမှာပေါ့၊ ဒီနေ့နေ့လည် အစည်းအဝေးမလုပ်ခင် သွားမယ်လို့ ကျွန်မထင်တယ်။ ဒါမှလည်း အ စည်းအဝေးမှာ တင်ပြလို့် ရမှာပေါ့”
  
“ကောင်းပြီ၊ ဒီကစ္စနဲ့ ပတ်သက်ပြီး ကိုယ်တစ်ခုပြောမယ်၊ ဒီနေ့ နေ့ခင်းမှာ ဒါမျိုးထပ်လုပ်မယ်ဆိုရင်တော့ သူ့အိမ်ထဲ ကိုယ်သွားမှာပဲ။ အဲဒီ အော်ဂင်စုတ်ကို ပေါက်ခွဲပြီး ထင်းစိုက်ပစ်လိုက်မယ်”

    ဝီလ်ဆင်သည် အံကြိတ်ကာ ခေါင်းကို ယမ်းနေလိုက်သည်။

    အယ်လ်မာက သူ့ကို မသိမသာ စောင်းကြည့်လိုက်ပြီး အေးအေးဆေးဆေး ရှင်းပြနေသည်။ အနူးအ ညွတ် တောင်းပန်သည့်လေသံလည်းပါသည်။ မျက်နာကိုလည်း အတတ်နိုင်ဆုံး ပြုံးပြထားသည်။

    “ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ သူ့ကိုယ်သူ သိပ်ခံစားနေရလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ နောက်ပြီး သူ့နေ ရာဝင်ပြီး ဆိုရလို့ ကျွန်မမှာ အပြစ်ရှိတယ်လို့မထင်ဘူး။ ကျွန်မကိုယ် ကျွန်မ လိပ်ပြာသန့်ပါတယ်”

    ဟု အယ်လ်မာကပြောသည်။

    “မင်းမှာ အပြစ်ရှိတယ်လို့လည်း ကိုယ်မမြင်ပါဘူး၊ ဒါပေမယ့် သူလုပ်တာက ရိုင်းလွန်းတယ်ကွာ”

    “ဘုရားကျောင်း ဓမ္မတေးအဖွဲ့ က သူ့ကို ဓာတ်ပုံအယ်လ်ဘမ်တစ်ခု အရင်အပတ်က ပေးလိုက်တယ်လို့ ကြားတယ်၊ ဟုတ်လား”
    “ပေးလိုက်တာပေါ့၊ ကြာသပတေးနေ့ညက သူ့တို့သွားပေးကြတယ်။ ပါတီပွဲလေးတစ်ခု ချက်ချင်းလုပ်ပြီး အယ်လ်ဘမ်တစ်ခုလည်း သူ့ကိုပေးလိုက်ကြတယ်၊ ကိုယ့်အခြေအနေ ကိုယ်သိသင့်ပါပြီ”

    “ဟုတ်တော့လည်း ဟုတ်ပါတယ်၊ ဘုရားကျောင်းမှာ သူဆိုလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ အနည် ထိုင်လာတဲ့ ဒီနေရာလေးက စွန့်ခွာသွားဖို့ဆိုတာ သူ့အဖို့ သိပ်ခတ်ခဲတယ်။ သိပ်ပြီးခံစားရတယ်ဆို ကျွန်မ ကိုယ် ချင်းစာမိပါတယ်”

    ဘုရားကျောင်းမှ ပြန်လာကြသူများသည် ဝီလ်ဆင်နှင့် အယ်လ်မာတို့အနားမှ ဖြတ်လျှောက်သွားကြ သည်။သူမက ခပ်တိုးတိုး ပြောလာသဖြင့် စကားသံကို သူတို့မကြားနိုင်ပေ။

    သူကတော့ လေသံကို နှိမ့်မပြောပေ။ ခြံဝင်းတစ်ခုရှေ့ ရောက်သည့်အခါ အယ်လ်မာက ရပ်လိုက်သည်။

    “ဘာဖြစ်လို့လဲ”

    ဝီလ်ဆင်က မေးသည်။

    “မီနီလန်ဆင်က ဒီနေ့နေ့လယ် သူ့ဆီလာလည်ဖို့ ဖိတ်ထားလို့ပါ”

    “ကိုယ့်အိမ်ကို မင်းလိုက်ခဲ့ဦးမှပေါ့”

    “အစ်ကို့အစ်မေက ကျွန်မကို နှင်ထုက်ရင် ဘယ်လိုလုပ်မလဲ”

    “ဘာ….အမေက မင်းကို နှင်ထုတ်မယ် ဟုတ်လား၊ ဒီနေ့ အိမ်ကို မင်းလိုင်လာမယ်လို့ မနက်ကပဲ အမေ့ ကို ပြောထားပြီးသား။ အမေက အသင့်ပြင်ထားမှာပါကွာ။ ဒီမှာ ရပ်မနေစမ်းပါနဲ့၊ အိမ်သွားကြရအောင်”

    သူတို့အိမ်ကို အယ်လ်မာလာလည်မည်ဟု အမေ့ကို ဝီလ်ဆင်က ပြောသောအခါ အမေက လက်ခံလိုပုံမ ရပေ။ အိမ်မှာ အလုပ်များသည့်အကြောင်း၊ ချက်ပြုတ် လျှော်ဖွတ်ရသည့် အိမ်တွင်းမှု ကိစ္စများကြောင့် ပင်ပန်း လွန်းသည့် အကြောင်းများကိုသာ အမေကပြောသည်။ အယ်လ်မာ၏ အကြောင်းကို ဘာတစ်ခွန်းမှ မပြောပေ။

    ထိုအကြောင်းကို ဝီလ်ဆင်က အယ်လ်မာအား မပြောပြပါ။ အမေ့ကြောင့် အယ်လ်မာနှင့် ယခုတိုင် လက်မထပ်နိုင်ခဲ့ပေ။ မိန်းမယူလျှင် အိမ်သို့ခေါ်လာခဲ့ရမည်။ မိမိဘာသာ တစ်အိုးတစ်အိမ် နေနိုင်စွမ်းလည်းမရှိ။ အိမ်မှာလည်း အမေက အယ်လ်မာနှင့်အတူ နေနိုင်မည်မဟုတ်ပေ။

    အယ်လ်မာကတော့ လပ်ထပ်ချင်လှပြီ။ ဝီလ်ဆင်၏အမေနှင့် အဆင်ပြေအောင်နေနိုင်သည်။ သို့သော် ဝီဆင်၏ ဆုံးဖြတ်ချက်ကို သူမ စောဒက မတက်ချင်ပေ။

    အယ်လ်မာသည် နုပျိုလှပသော အလှပိုင်ရှင်လေးတစ်ဦး ဖြစ်ခဲ့ပါသည်။ ယခုအခါ ယခင်လောက် မလှ တော့ပေ။ ဖြူဖွေးနုနယ်သော သူမ၏ အသွင်သဏ္ဍန်မှာ ပို၍ပါးလျားလာပြီး ဝိုင်းစက်လှပသည့် မျက်လုံးပြာကြီး များမှာလည်း မျက်တွင်းများ ကျလာလေသည်။ ယခုအခါ၌ အိနြေ္ဒကြီးသော၊ စေ့စပ်သေချာသော၊ လေးနက်တည် ကြည်သော အပျိုကြီးတစ်ဦးဆိုသည့် လှည်းက သူမ၏ ပုခုံးကျဉ်းကျဉ်းလေးများပေါ် ရောက်ရှိလာချေပြီ။

    ဝီလ်ဆင်ကတော့ ထိုအခြေအနေမျိုး ဖြစ်လာသည်ကို သတိမမူခဲ့ချေ။ အယ်လ်မာတစ်ယောက် အိုမင်း ရင့်ရော်သွားလိမ့်မည်ဟုလည်း ဘယ်တုံးကမှ မထင်မှတ်ခဲ့ပေ။ သူမအလှ ပျက်စီးသွားလိမ့်မည်။ ထို့အတွက် သ တိသံဝေဂ ရလိမ့်မည်ဟုလည်း မတွေးမိခဲ့ပေ။

    “လာလေ…အယ်လ်မာ”

    သူက ခေါ်လိုက်၏။ အယ်လ်မာသည် လမ်းတစ်လျှောက်လုံး သူ့နောက်မှ သိမ့်မွေ့ ညင်သာစွာ လိုက်ပါ လာခဲ့သည်။

    ကင်ဒေ့စ်ဝှစ်ကွန်၏ အိမ့်ရှေ့ မှ သူတို့နှစ်ဦး ဖြတ်ကျော်သွားပြီး မကြာခင်မှာ ဘုရာကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဖြစ်သူက ကင်ဒေ့စ် ခြံတံခါးသို့ ရောက်လာလေသည်။ ခေါင်းလောင်းကို လှုပ်ခါလိုက်ပြီးမှ ခြံတံခါးကို မိမိဘာသာ ဖွင့်ပြီး အိမ်တံခါးဆီး လျှောက်လာခဲ့၏။ ထိုအချိန်၌ ပြတင်းပေါက်မှ ဖြူရော်ရော် ဘေးတိုက်အရိပ်မှာ လှုပ်ရှားခြင်းမရှိသေးပေ။ အိမ်တံခါး ရောက်သောအခါ တံခါးမှာ ချက်ချင်းပွင့်သွားသည်။ ခြံပေါက်မှာ သူတီးလိုက် သော ခေါင်းလောင်းသံကို တုံ့ပြန်သည့် သဘောပြသည်။

    “မင်္ဂလာနံနက်ခင်းပါ မစ္စဝှစ်ကွန်”

    ဥက္ကဌက နှုတ်ဆက်လိုက်သည်။

    “မင်္ဂလာမနက်ခင်းပါ”

    ကင်ဒေ့စ်က ပြန်လည်နှုတ်ဆက်ရင်း ခေါင်းကို ဆက်ခနဲ့ ယမ်းလိုက်၏။ နှုတ်ခမ်းများကို တင်းတင်း စေ့ ထားပြီး နှာသီးထိပ်မှာ ဖောင်းကြွနေသည်။ ရန်သူ့အနံ့ကို ရလိုက်သော သားရဲတစ်ကောင်နှင့် တူနေသည်။ မည်း နက်သော မျက်လုံးများမှာ အေးစက်နေပြီး ထိုမျက်လုံးများထဲ၌ပင် ဒေါသမီးပွင့်ကလေးနှစ်ပွင့်မှာ တလက်လက် တောက်ပနေ၏။ စိတ်ဆိုးနေသောငှက်ကလေးတစ်ကောင်၏ မျက်လုံးနက်များနှင့်လည်း တူနေပေသည်။ အိမ် ထဲဝင်လာဖို့ ဥက္ကဌကို သူမက မဖိတ်ခေါ်ပါ။ သို့သော လေးလေးကန်ကန်နှင့် လျှောက်လာပြီး တံခါးဖွင့်ပေးလိုက် သည်။ ခပ်တည်တည်နှင့် ပြန်လှည့်လာသည်။ ဧည့်သည်ကို ထိုင်ရန်လည်းမပြော။ အိမ်ထဲဝင်ရန်လည်း မပြောပေ။ ဧည့်သည်က သူ့ဘာသာ ကုလားထိုင်ကြီး တစ်လုံးပေါ် ထိုင်သည်။ သူမကလည်း ပြတင်းပေါက်ဘေး ရှိ ထိုင်နေကျ ကုလားထိုင်ပေါ် ပြန်ထိုင်သည်။

    ကင်ဒေ့စ်သည် အရပ်ရှည်ပြီး ပိန်လွန်းသည်။ မြက်ပင်တစ်ပင်၏ အဖျားပိုင်းလို ညွတ်ပြောင်းနေ၏။ သိမ် မွေ့ စွာ လှုပ်ရှားသွားလာတက်ပေသည်။

    “ဒီနေ့ဟာ သာယာတဲ့ နေ့ပဲနော်”

    ဥက္ကဌက ပြောသည်။ ကင်ဒေ့စ်က ခွန်းတုံ့မပြန်။ ခေါင်းငုံ့ပြီး ညိမ်သက်စွာ ထိုင်နေသည်။ ပြတင်းပေါက် မှတိုက်ခက်လာသောလေကြောင့် ဇာခန်းဆီးများမှာ တလူလူလွင့်နေပြီး ယိမ်းထိုးနေသော အရိပ်များမှာ အခန်း တွင်း လွင့်မျောနေကြသည်။
    ဧည့်ခန်းတွင်းရှိ ကင်ဒေ့စ်၏ အော်ဂင်မှာ ဘုရားကျောင်းကိုမျက်နာမူထားသော ပြတင်းပေါက်ဘေးတွင် ရှိသည်။ ဧည့်ခန်းထောင့်၌ နှင်းပန်းအဖြူတစ်စည်း ထိုးထားသော ပန်းအိုးကို ချထားသည်။ သင်းပျံ့ သော ပန်းရ နံ့က တစ်ခန်းလုံး မွှေးကြိုင်နေလေသည်။

    ဥက္ကဌသည် ပန်းအိုးကိုကြည့်ပြီး ပန်းအနံ့ကို အားပါးတရားရူသွင်းလိုက်၏။

    “မွှေးလှပါလား၊ ခင်ဗျားဆီမှာ ဒီလိုလှပမွှေးကြိုင်နေတဲ့ ပန်းတွေရှိတာကိုး”

    ကင်ဒေ့စ်က ယခုထိ စကားတစ်လုံးမျှ မပြောသေးပါ။

    ဥက္ကဌက သူမကို ကြည့်လိုက်သည်။ လှုပ်ကုလားထိုင် တစ်လုံးလုံးပြည့်အောင် သူ့ကိုယ်လုံးကြီးကို ထိုင်ချထားသည်။ နက်ပြောင်သော ကုတ်အင်္ကျီလက်အတွင်းမှ လက်နှစ်ဖက်ကို ကုလားထိုင်လက်တန်းပေါ် တင်ထား၏။

    “ကဲ… မစ္စဝှစ်ကွန်ဆီ ကျွန်တော်လာရတဲ့အကြောင်းက ဒီလိုပါ။ လိုရင်းပြောတာပဲ ကောင်းမယ်လို့ ကျွန် တော်ထင်ပါတယ်။ နည်းနည်းပါးပါးပဲ ကျွန်တော်ပြောချင်ပါတယ်။

    ဒီလိုပါ… ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားအနေနဲ့ ဒီလိုသဘောထားမျိုး ရှိလိမ့်မယ်လို့ ကျွန်တော်မ ထင်ပါဘူး။ နောက်ပြီး အမှတ်မထင်ဖြစ်ခဲ့တာဆိုတော့ ခင်ဗျား သတိတောင်ထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီ နေ့မနက်က ကျွန်တော်တို့ဘုရားကျောင်းမှာ ဘုရားဝတ်ပြုရင်း ဓမ္မတေးတွေ ဆိုကြတယ်မဟုတ်လား၊ ခင်ဗျားသိ ပါတယ်။ ဘုရားကျောင်းဓမ္မတေးအဖွဲ့ သီဆိုနေတဲ့အချိန်မှာ ခင်ဗျားလည်း ဓမ္မတေးလိုက်ဆိုတာ ကြားရပါတယ်။ အဲဒါ နည်းနည်းများ ကျယ်သွားသလားလို့ပါ။ တိုက်ဆိုင်မှု ဖြစ်မာပေါ့ဗျာ။ ပြတင်းပေါက်တွေကိုလည်း အကုန်လုံး လိုလို ဖွင့်ထားတာဆိုတော့ မစ္စဝှစ်ကွန် ဝတ်ပြုလိုက်တဲ့ ဓမ္မတေးသံက ဘုရားကျောင်းထဲမှာ ဝတ်ပြုနေတဲ့ ကျွန် တော်တို့ကို နည်းနည်းပါးပါး အာရုံထွေသွားအောင် ဖြစ်သွားသလားလို့ပါ။ ခင်ဗျားအနေနဲ့ ဘယ်လိုမှ ခံစားရလိမ့် မယ် မထင်ပါဘူး။ ဘာရည်ရွယ်ချက်မှ မရှိဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်။

    ဒါပေမယ့် ဘုရားကျောင်းက လူကြီးတွေရဲ့ သဘောထားကို ကျွန်တော်က ရှင်းပြသင့်တယ် ထင်ပါတယ်။ ခင်ဗျားရဲ့ အပြုအမူဟာ ဆန္ဒမပါပေမယ့် အားလုံး အနှောက်အယှက် ပြုရာရောက်နေပါတယ်။ အားလုံးပဲဖြစ်ဖြစ် ဒီလိုသဘောမျိုးရောက်နေပြီဆိုရင် ပညာရှိသတိဖြစ်ခဲ ဆိုသလို မဖြစ်အောင် ကျွန်တော်က လာရှင်းပြရတာပါ”
    ကင်ဒေ့စ်ကမူ သူပြောနေချိန်၌ သူ့ကို မျက်လုံးပင် ဝင့်မကြည့်ပေ။ သူ့ကို သူက ကြည့်လိုက်မိ၍ သူ့စ ကားလုံးများက သူမကို ပြတင်းပေါက်အပြင်ဘက်သို့ လွင့်စဉ်သွားစေနိုင်သည်ဟု ထင်ရလောက်အောင် ငြိမ် သက်နေသည်။

ဆက်လက်ဖော်ပြပေးပါမည်။