နေ၀န်းနီ (မန္တလေး) - ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေ ပြုပြင်​​တော့မယ်​ဆိုရင်​ ....


နေ၀န်းနီ (မန္တလေး) - ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေ ပြုပြင်​​တော့မယ်​ဆိုရင်​ ....
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၄

photo source : nikonrumors.com

တ​လောက စာ​စောင်​တခုမှာ မန္တ​လေးမြို့ရဲ့​ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကို နိုင်​ငံခြားကုမ္မဏီတခုနဲ့ပူး​ပေါင်းပြီး ​ရှေးမူ၊ ​ရှေး လက်​ရာမပျက်​ပြုပြင်​ထိန်​သိမ်းမယ်​လို့ ဖတ်​လိုက်​ရတယ်​။ ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကိုပြုပြင်​ထိန်းသိမ်းတာဟာ မင်္ဂလာတပါးပါ။ ဝမ်းသာစရာကိစ္စပါ။ ဒါ​ပေမယ့်​ သိပ်​လည်းမဝမ်းသားရဲဘူး။

(၁)
လွန်​ခဲ့တဲ့တလ​လောက်​က ​မေ​မေရဲ့အမျိုး​တွေမန္တ​လေးကို ဘုရားဖူးလာကြတယ်​​။ ဒါနဲ့​ မေ​မေကလည်း ကျွန်​​တော့်​ရုံးပိတ်​တဲ့​နေ့နဲ့တိုက်​​နေ​တော့ ဧည့်​သည်​​တွေကို ဘုရားဖူးလိုက်​ပို့ခိုင်းတယ်​။ ဒါနဲ့ကျွန်​​တော်​လည်း ဧည့်​သည်​​တွေကို မန္တ​လေးရဲ့အထင်​ကရ​နေရာ​တွေကိုလိုက်​ပို့​ပေးပြီး တခုခြင်းစီရဲ့သမိုင်း​ကြောင်းဖြစ်​​ပေါ်လာပုံကို​ရှင်းပြလာခဲ့တယ်​။ ဒါမှလည်း ဘုရားလည်​ မဖြစ်​​မှာ​ပေါ့။ တ​နေကုန်​ပါပဲ။ ည​နေပိုင်းမှာ​တော့​ တောင်​သမန်​မှာ အပန်း​ဖြေရင်း ငါး​ကြော်​၊ ပုဇွန်​​ကြော်​​စားမယ်​ဆိုပြီး ဧည့်​သည်​​တွေကို​ခေါ်လာခဲ့တယ်​။ ဦးပိန်​တံတား​ပေါ်လမ်း​လျှောက်​ရင်းတံတားရဲ့သမိုင်း​ကြောင်းကို​ ရှင်းပြရ​တော့တယ်​။

(၂)
တံတား​ဆောက်​လုပ်​​သောနှစ်​က ၁၂၁၁ ခုနှစ်​ "အင်းက​အော်​အာ"​ ဆောက်​လုပ်​ခါလို့ မှတ်​သားထားတယ်​။ တံတား​ဆောက်​လုပ်​ပြီးသည့် နှစ်​ ၁၂၁၃ ခုနှစ်​ "အင်းက​အော်​ညီး"​ဆောက်​လုပ်​ပြီးလို့ မှတ်​သားထားကြတယ်​။ တံတား​ကို​ဆောက်​လုပ်​ရာ အချိန်​ ၂ နှစ်​မျှကြာခဲ့တယ်​။ ယခုဆိုလျှင်​ ဦးပိန်​တံတားကြီးသက်​တမ်းမှာ ၁၆၅ နှစ်​ရှိ​လေပြီဖြစ်​သည်​။ တံတားရဲ့အရှည်​မှာ ၃၉၇၆ ​ပေရှည်​လျားသည်​။ မြန်​မာ့​ဆောက်​လုပ်​​ရေးအတတ်ပညာရှင်​များက ​ခြေလှမ်းဖြင့်​တိုင်းတာ၍​ ဆောက်​လုပ်​ခဲ့​သော မြန်​မာမှုကျွန်းတံတားကြီးဖြစ်​သည်​။ ကမ္ဘာမှာ အရှည်​ဆုံး ကျွန်းတံတားလည်းဖြစ်​သည်​။ ဦးပိန်​တံတားက အမရပူရ ​ရှေး​ဟောင်းမြို့​တော်​၏ အမှတ်​သ​င်္ကေတ၊ ကမ္ဘာလှည့်​ခရီးသွားများ​နေ့စဉ်​လာ​ရောက်​ကြည့်​ရှုအပန်း​ဖြေတဲ့​နေရာ စသည်​ဖြင့်​ ရှင်းပြလာခဲ့တာ​ပေါ့။

(၃)
အခု ဦးပိန်​တံတားက​တော့​ အရင်​တုန်းကလိုမဟုတ်​​တော့​ပေ။ အရင်းတုန်းက တိုင်​လုံး​တွေ မညီမညာ အတိုအရှည်​နဲ့ ​အ​ဝေးက​နေလှမ်း ကြည့်​လိုက်​ရင်​ အလွန်​ကြည့်​​ကောင်းတဲ့ ဦးပိန်​တံတား။ အခု​တော့ တာဝန်​ရှိလူကြီး​တွေက မညီမညာရှိ​နေတဲ့တိုင်​​တွေကို အတိုရှည်​ညီ​အောင်​ဆိုပြီး ဖြတ်​ပြစ်​တယ်​။ ဒါကလည်း လှ​စေချင်​လို့ပါ ​ရှေးမူမပျက်​​သေးပါဘူးလို့ စိတ်​ထဲမှာ​ဖြေသိမ့်​ထားတယ်​။ နောက်​တခါကြ​တော့​ အဲဒီ တာဝန်​ရှိတဲ့လူကြီး​တွေကပဲ တံတားက မ​ကောင်း​တော့တဲ့တိုင်​လုံး​တွေအစား ကွန်​ကရစ်​တိုင်​နဲ့လည်းထားတယ်​။ မြန်​မာနိုင်​ငံမှာ ကျွန်​သစ်​​တွေ အဲ​လောက်​ရှားကုန်​ပြီလား။ မြန်​မာမှု ကျွန်းတံတားကြီးက​နေ ကွန်​ကရစ်​တိုင်​တံတားဖြစ်​​တော့မယ်​။ အမျိုးသားယဉ်​​ကျေးမှုနဲ့ ယဉ်​​ကျေးမှုအ​မွေအနှစ်​များမ​ပြောက်​ပျက်​​အောင်​ ထိန်းသိမ်း​စောင့်​​ရှောက်​​ရေးဆို....သက်​ပြင်းတချက်​ချပြီးပြန်​ခဲ့တယ်​။

အခုလည်းစာ​စောင်​ထဲမှာ မန္တ​လေးမြို့က ရှေး​ဟောင်း​ယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကို ​ရှေးမူ၊ ​ရှေးလက်​ရာ မပျက်​ပြုပြင်​မယ်​ဆို​တော့​လေ....ထိုနည်း၎င်း .....ထိုနည်း၎င်းပဲလား  ...ဒါမှမဟုတ်​ မန္တ​လေးမြို့ရဲ့အသည်းနှလုံး​တွေကို ဆွဲဖြုတ်အုံးမလား​တော့ မသိ​​ပေ။

လေးစားလျှက်
နေဝန်းနီ{မန္တ​လေး}