မောင်စွမ်းရည် - နှစ်သစ်ဆုမွန်
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၅
နှစ်ဟောင်း ခေတ်ဟောင်း အဟောင်းပယ်ခြွေ။
နှစ်သစ် ခေတ်သစ် အားသစ်ကြလေ။
အဟောင်း အညစ် ပြောင်းရစ်ကြစေ။
လူသစ် မူသစ် အယူသစ် ထူရစ်နိုင်ပါစေ။
ခေတ်ဟောင်း စနစ်ဟောင်း ပြောင်းရစ်ပါစေ။
ခေတ်သစ် စနစ်သစ် ထွန်းလှစ်ကြလေ။
ခေတ်ညစ် စနစ်ညစ် တိုက်ဖျက်ပစ်လေ။
ပြည်သူ့စနစ် ပြည်သူ့ခေတ် ထွန်းသစ်နိုင်ပါစေ။
(၂၀၁၅ ဇန်န၀ါရီ ၁၊ နယူးယောက်)
Photo Credit - Maung Yit