ကျော်ဟုန်း - ပြန်ပြောင်းရမယ့် ပြောင်းပြန်


ကျော်ဟုန်း - ပြန်ပြောင်းရမယ့် ပြောင်းပြန်
(မိုးမခ)  ဧပြီ ၅၊ ၂၀၁၅

ဆန့် ကျင်ဘက်ရသတွေနဲ့  
ခံစားချက်ပေါင်းစုံဖွဲ့ 
နှလုံးသားထဲက ပုံရိပ်တွေ
ပစ္စက္ခအရေပြားမှာ 
ဆေးမင်စုတ်မထိုးနိုင်ချိန်ပေါ့၊

ကြောင်းကျိုးခြင်းရာမှန်သမျှ
သမိုင်းမတင်နိုင် ကာလမို့ 
ဖြေဖျော်ရေးမဟုတ်တဲ့ တေးသံတွေ
စကြဝဠာအနှံ့ လွင့်နေတုန်း
ချိုးဖြူငှက်များ ကောင်းကင် မရှိ၊

ဖုန်းဆိုးမြေမှာလည်း
ရဲရင့်သူတို့ သွေးနီရေတွေ 
သယ်ဆောင်လာတဲ့ မြစ်တစင်း 
ကန့် လန့် ဖြတ်စီးနေဆဲ၊

လှိုင်းကြီး လေထန်
ဖြစ်ရပ်မှန်တွေက
ပြောင်းပြန် အချိုးကျ
အဓိပ္ပါယ် တလွဲခ
စေတန်ရဲ့ စနက်မှာ
မုသာဝါဒတွေနဲ့ 
ရွချင်တိုင်း ရွ။     ။



၃၊ ၂၃၊ ၂၀၁၅။