ချစ်ခြင်း ဂီတ နှလုံးသားဝိညာဉ် တေးစီးရီး စာနယ်ဇင်းမိတ်ဆက်

 ချစ်ခြင်း ဂီတ နှလုံးသားဝိညာဉ် တေးစီးရီး စာနယ်ဇင်းမိတ်ဆက်
ရန်နောင်( ဗိုလ်တထောင်)    မိုးမခ  -  ဇွန် ၂၇ ၂၀၁၅
လင်းနိုင်ဦး (အလင်းတန်းဂျာနယ် - အယ်ဒီတာ)

ကိုစိန္တာ(ကံတရားဇာတ်ရုံ)

သားသား

ဆရာအောင်သျှံဝိုင်း မုဒိတာစကားပြောနေစဉ်

ချစ်ခြင်း ဂီတ နှလုံးသားဝိညာဉ်  စီစဉ်သူနှင့် သီဆိုသူများ

          ကိုစိန္တာ (ကံတရားဇာတ်ရုံ) စီစဉ်ပြီး Love for Love Music Production မှ မူပိုင်ထုတ်လုပ်သော  “ ချစ်ခြင်း ဂီတ နှလုံးသားဝိညာဉ် ” တေးစီးရီး  စာနယ်ဇင်း မိတ်ဆက်ရှင်းလင်းပွဲကို ၂၅-၆-၂၀၁၅ နေ့ နေ့လည် (၁) နာရီက  ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း ရှိ Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားမှူး အဖြစ် အလင်းတန်းဂျာနယ် အယ်ဒီတာ ဆရာလင်းနိုင်ဦးက ဆောင်ရွက်ခဲ့ပြီး စီစဉ်သူ ကိုစိန္တာ ၊ အဆိုတော် သားသား နှင့် သက်မိုးဆွေ တို့မှ တေးစီးရီး စီစဉ်ဖြစ်ခဲ့ပုံ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ စာနယ်ဇင်းမီဒီယာများကိုယ်စား ဆရာအောင်သျှံဝိုင်း မှ မုဒိတာစကားပြောကြားပေးခဲ့သည်။

          အဆိုပါ တေးစီးရီးတွင် သက်မိုးဆွေ၊ ကာရံ၊ သားသား ၊Heater၊ PK ၊ဖြူဖွေး ၊ဗာစ်ကို တို့မှ သီဆိုထားကြသည်။ အချစ်သီချင်း ချိုချိုလေးများကို ကြိုက်နှစ်သက်သော ပရိတ်သတ်အတွက်  ချစ်ခြင်း နှလုံးသား ဂီတ နှလုံးသားဝိညာဉ် တေးစီးရီး ကို မြန်မာတနိုင်ငံလုံးသို့ ၂၆-၆-၂၀၁၅ နေ့မှစ၍ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။