ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ် ၂၀၁၅ ရာပြည့် ထွက်လာတဲ့ စာအုပ်များ အညွှန်း


ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ် ၂၀၁၅ ရာပြည့် ထွက်လာတဲ့ စာအုပ်များ အညွှန်း
မိုးမခစာအုပ်စင်၊ ဇူလိုင် ၄၊ ၂၀၁၅

Khin Myo Chit - The Ruse and War-Time Stories
မြန်မာပြန်အမည် - လမ်းလွှဲခြင်းနှင့် စစ်အတွင်းအတွေ့အကြုံများ
ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း၊ ဂျူနီယာဝင်း
ဒေါ်ခင်မျိုးချစ်နှစ်တစ်ရာပြည့်အမှတ်တရ
ဒေါင်းစာပေ
ပထမအကြိမ်  ၂၀၁၅ ဇွန်လ၊
တန်ဖိုး- ၂၀၀၀ကျပ် ။ အုပ်ရေ - ၅၀၀
သီရိဝံသစာပေ - ၁၁၃၊ ၃၃လမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့
ဖြန့်ချီရေး - ဒေါင်းစာပေ။ ၁၁၃ မြေညီထပ်၊ ၃၃လမ်း အလယ်၊ ကျောက်တံတား
စာမျက်နှာ - ၉၂၈
ဆောင်းပါးများ - အင်္ဂလိပ်နှင့်မြန်မာ 
ခင်မျိုးချစ် (အင်္ဂလိပ်လို) ၁၆ပုဒ်၊ ဒေါက်တာခင်မောင်ဝင်း(မြန်မာပြန်) - ၈ပုဒ်၊ ဂျူနီယာဝင်း(မြန်မာပြန်) ၈ပုဒ်။

ဒေါ်ခင်မျိုးချစ်ရေးသားခဲ့သော အင်္ဂလိပ်လိုဆောင်းပါးများ Quest for Peace (Working People ‘s Daily) ၁၉၆၃-၆၉  ကာလတုန်းက ရေးသားခဲ့သည်များထဲက ၁၆ပုဒ်ကို မြန်မာဘာသာပြန်ဖြင့်တွဲဖက် ထုတ်ဝေထားပါသည်။ ဒေါ်ခင်မျိုးချစ်၏ မူရင်းအင်္ဂလိပ်လိုလက်ရာ ကပထမဦးဆုံး စာအုပ်အဖြစ်ထွက်ရှိခြင်း ဖြစ်သည်။ စစ်အတွင်းကာလ ကြုံခဲ့ရသမျှကို မချွင်းမချန်ရေးသားချက်များ ဖြစ်သည်။ လူမူရေးဘ၀၊ နိုင်ငံရေးဘ၀နှင့် မိသားစုဘ၀များကို တွေ့ကြရသည်။ 

ဒေါက်တာခင်မောင်ဝင်းဘာသာပြန်ထားသည်များမှာ အများအားဖြင့် အတွေးအမြင်မဂ္ဂဇင်းမှဖြစ်ကာ မြန်မာသစ်မဂ္ဂဇင်းမှတစ်ပုဒ်ပါသည်။ ဂျူနီယာဝင်းဘာသာပြန်သည်များ အတွေးအမြင်တွင် ဖတ်ဖူးပြီးသူများအားလုံး ပါဝင်ထားပါသည်။ ယခုလိုစာအုပ်တစ်အုပ်ထဲ စုစုစည်းစည်းတွေ့မြင်ရသည်မှာ ၀မ်းသာစရာဖြစ်ပါသည်။ အတွင်းတွင် ဒေါ်ခင်မျူိးချစ်၏ အတ္ထုပ္ဗတ္တိအကျဉ်းနှင့် ၂၀၁၅ရာပြည့်အမှတ်တရအဖြစ် ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့၏ ဓါတ်ပုံများ ဖော်ပြထားတာတွေ့ရပါသည်။ ၂၀၁၅မှာ ထွက်ရှိလာခဲ့သော စာအုပ်အဖြစ်တွေ့မြင်ရသည်မှာ တိုက်ဆိုင်မှူပါပဲ။ 

ထို့အပြင် ဦးခင်မောင်လတ်ရေးသားသော Everyday Expression in English ယခု၂၀၁၅တွင် ထွက်ရှိလာခြင်းသည်လည်း ဦးခင်မောင်လတ်၏ ရာပြည့် အမှတ်တရဟု ဆိုရပါလိမ့်မည်။




U Khin Maung Latt (MA) – Everyday Expressions in English
ရန်အောင်စာပေ
ပထမအကြိမ် ။ ၂၀၁၅ မေလ 
အုပ်ရေ ၁၀၀၀။ တန်ဖိုး - ၃၀၀၀ကျပ်
ထုတ်ဝေသူ - ဦးလှတိုး ။ ရန်အောင်စာပေ
တိုက်၁၇ အခန်း၂၃ ရွှေအုန်းပင်အိမ်ရာ၊ အနောက်ရန်ကင်း ။ ရန်ကုန်
ဖုံး - ၀၉ ၅၁၇၉ ၃၉ ၈။ ၀၉ ၇၃၂၄၃၈၅၁။

ဦးခင်မောင်လတ်(အမ်အေ)၏ ယခုစာအုပ်သည် ၁၉၆၄ခုနှစ်ကနေစလို့ အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ဖြန့်ချီခဲ့ရသော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ မှတ်မိသလောက်ဆိုရရင် ၁၉ ၈၈ မှာပင် န၀မအကြိမ် ရိုက်နှိတ်ခဲ့ရပါသည်။ ယနေ့ခေတ်အင်္ဂလိပ်စာ လေ့လာလိုက်စားသူများ အထူးလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။ ယခုစာအုပ်တွင် ဦးခင်မောင်လတ်၏ အင်္ဂလိပ်လိုရေး အမှာစာ၊ ဗမာလိုရေးအမှာစာ၊ ဗမာဘာသာဖြင့် ရှင်းလင်းချက်အတိုကလေးများ ဦးခင်မောင်လတ်ကိုယ်တိုင်ရေးထားသည်များအပြင် မေးခွန်းနှင့် အဖြေများ ပါဝင်ထားပါသည်။ ထို့အပြင် သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း၏ အမှာလဲ ပါဝင်ထားသည်။ 

၁၉ ၆၄ခုနှစ်ထုတ်တွင် ဦးခင်မောင်လတ်ကဗမာလို မှတ်စုတိုထည့် မထားပါ။ မေးခွန်း နှင့်  အဖြေ များ ပါဝင်ထားကာ  အကုန်အင်္ဂလိပ်လို များသာဖြစ်ပါသည်။ ၁၉ ၆၄ နောက်ပိုင်းထုတ်ဖြစ်ခဲ့သော စာအုပ်များတွင်  စာသင်သားများ၏ တောင်းဆိုမူများ ကြောင့် ဦးခင်မောင်လတ်က ရှင်းလင်းချက်တိုကလေးများဖြည့် ပေးတာများ ပါဝင်လာကာ ဗမာလို အမှာစာ ထည့်ပေးထားပါသည်။ နောက်ပိုင်းကျတော့ ထုတ်သော စာအုပ်များတွင် ဗမာလိုရှင်းလင်းချက်အတိုများ ပါလာသောလည်း ဦးခင်မောင်လတ်၏ အင်္ဂလိပ်လို အမှာစာမပါတော့ပဲ ဗမာလို အမှာစာပါလာပြီး မေးခွန်း အဖြေများ ကျန်ရစ်ခဲ့ပြန်သည်။ ယခု၂၀၁၅ ထုတ်တွင်တော့ အားလုံးစုံစုံစေ့စေ့ ပါဝင်ထားသည်ဟု ဆိုရမည် ဖြစ်ပါသည်။


ဒေါက်တာခင်မောင်ဝင်း - ၂၀၁၅ သချာင်္ဥာဏ်စမ်းများ
ရန်အောင်စာပေ ။ပထမအကြိမ် 
၂၀၁၅ ဇွန်လ ။အုပ်ရေ ၁၀၀၀
စာမျက်နှာ - ၁၂၈ ။ တန်ဖိုး - ၁၅၀၀ကျပ်
ထုတ်ဝေသူ - ဦးလှတိုး ။ ရန်အောင်စာပေ
တိုက်၁၇ အခန်း၂၃ ရွှေအုန်းပင်အိမ်ရာ၊ အနောက်ရန်ကင်း ရန်ကုန်
ဖုံး - ၀၉ ၅၁၇၉ ၃၉ ၈။ ၀၉ ၇၃၂၄၃၈၅၁။


Academic Weekly Journal အပတ်စဉ်ရေးသားခဲ့သော ဥာဏ်စမ်းများကို တစုတစည်းတည်း ထုတ်ဝေလိုက်တာဖြစ်ပါသည်။ ညဏ်စမ်း ၅၃ပုဒ် ပါဝင်ထားသည်။ စဉ်းစားပုံစဉ်းစားနည်း များလဲ ပါဝင်သည်။ အဖြေများကို နောက်ဖက်တွင် အသေးစိတ်ရှင်းလင်းထားပါသည်။ မေးခွန်းပုစ္တာများ သည်စိတ်ဝင်စားစရာ ခေါင်းစဉ်များနှင့် ဖြစ်သည်။ ဥပမာ - ကျွန်မအသက် သပြေခက်၊ စက်လှေကားပြသနာများ၊ အားလုံးပျော်ရွှင်သောစနစ်၊ စီးပွားရေး လိမ်လည်မူကြီး၊ စသည်ဖြင့်တို့အပြင် သချာင်္အတွက်အချက်များ၊  ပုစ္ဆာများနှင့် ပုံများတွင်ကြည့်၍ စဉ်းစားရင်းအဖြေရှာခိုင်းသည်များ ပါဝင်ထားသည်။ သချာင်္ဥာဏ်စမ်းများ စိတ်ဝင်စားသူများအတွက် စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ပါသည်။