ကျော်ဟုန်း - ဝေဒနာကြားက ဆန္ဒ
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၅
ကြိုတင် ကြံစည်မှု
ကြိုတင် မသမာမှု
အစုစုတို့ရဲ့ ညစ်ခြင်းနဲ့ 
တရားမဲ့ တိုက်ခိုက်ခြင်းရဲ့
သောနုတ္ထိုရ် အဆိပ်လူးမြား
နှလုံးသားမှာ စူးဝင်နေရသူကို
သူကောင်းသားတံဆိပ်ကပ်ရန် မလို
‘အကယ်၍ ’ ကဗျာ တခေါက်သာ
ရွတ်ဆိုခွင့်ပြုပါလေ ...။ ။
ကျော်ဟုန်း
ဇူလိုင်၊ ၁၆၊ ၂၀၁၅ ။