မြန်မာသံ အဆိုရှင် “ ဒီလှိုင်း ” ၏ “ မရွှေစိမ်းရဲ့ အချစ်ဦးတက္ကသိုလ် ” တေးစီးရီး DVD KARAOKE စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်

မြန်မာသံ အဆိုရှင်  “ ဒီလှိုင်း ” ၏  “ မရွှေစိမ်းရဲ့ အချစ်ဦးတက္ကသိုလ် ” တေးစီးရီး  DVD KARAOKE  စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်
ရန်နောင် (ဗိုလ်တထောင်)     မိုးမခ   ဇူလိုင်   ၁၃   ၂၀၁၅

       မြန်မာသံအဆိုရှင် “ ဒီလှိုင်း ” ၏  “ မရွှေစိမ်းရဲ့ အချစ်ဦးတက္ကသိုလ် ”  တေးစီးရီး  
အဆိုရှင် “ ဒီလှိုင်း ”

ဒါရိုက်တာ တုနှိုင်းခ

ဒီလှိုင်း၊ မောင်ကျော်ဇော၊ စန္ဒရား မောင်လှအေး၊ တုနှိုင်းခ
စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ  Orchid Hotel  ၌ ဇူလိုင်လ ၁၃  ရက်( တနင်္လာနေ့ ) နေ့လည်  (၁)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

တေးရေး မောင်ကျော်ဇော

          အဆိုပါ မိတ်ဆက်ပွဲအခမ်းအနား ဦးအောင်သျှံဝိုင်း က ဆောင်ရွက်ပြီး တေးရေးဆရာ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော က  မုဒိတာအမှာစကားပြောကြားပြီး စန္ဒရားမောင်လှအေး က  ဂုဏ်ပြုစကား ပြောကြားပေးခဲ့သည်။အဆိုရှင် ဒီလှိုင်းမှလည်း  တေးစီးရီး စီစဉ်ဖြစ်ပုံနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
စန္ဒရားမောင်လှအေး
          ထိုတေးစီးရီးတွင် တေးရေးဆရာများဖြစ်သော  စန္ဒရားငြိမ်းထက်၊ စန္ဒရားမောင်မောင်နိုင်၊ ရန်ကင်းကိုကိုလေး၊ စိန်မောင်မြင့်၊ စန္ဒရားငွေစိုး၊ အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော၊ မောင်ဆွေနွယ် တို့၏ တေးသီချင်းများကို  အဆိုတော် “ ဒီလှိုင်း ” က သီဆိုထားသည်။

          ဂီတမှူး စန္ဒရားမောင်လှအေး က တီးခတ်ပြီး EMS စတူဒီယိုတွင် အသံသွင်းကာ ဒါရိုက်တာ တုနှိုင်းခ က ရိုက်ကူးပြီး ထင်းရူးရိပ် တေးထုတ်လုပ်ဖြန့်ချိရေး မှ ဖြန့်ချိမည်ဖြစ်သည်။မြန်မာသံ တေးသီချင်းများ နှစ်သက်သူများအတွက်  မြန်မာသံ အလွမ်းသီချင်းလေးများကို မိုးအေးအေးတွင်  ဇူလိုင် ၁၈ ရက်မှ စတင်၍ နားထောင်နိုင်တော့မည် ဖြစ်သည်။