မင်းညွန့်လှိုင် - တော်ရုံရွာပေါ့ မိုးနတ်သား


  မင်းညွန့်လှိုင် - တော်ရုံရွာပေါ့ မိုးနတ်သား
(မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၅

အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင်
ရွာပဲရွာနိုင်လွန်းတယ်မိုး ။

လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့
လက်လုပ်လက်စားတွေရဲ့မီးဖိုချောင်မှာ
မီးခိုးတိတ်မှာစိုး ။

အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင်
ရွာပဲရွာနိုင်လွန်းတယ်မိုး ။

ရေနစ်နေတဲ့ဘဝတွေ
ရင်ထဲလောင်တဲ့မီးတောက်တွေ
ငြိမ်းစေချင်ပြီမိုး ။          ။