ဆောင်းယွန်းလ - “မိုးကြီးရေကြီးထဲက ထွက်လာတဲ့စကားသံ "


ဆောင်းယွန်းလ - “မိုးကြီးရေကြီးထဲက ထွက်လာတဲ့စကားသံ "
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၅


အရာရာကို
ခပ်နေရ သိမ်းနေရနဲ့ 
ပက်ထုတ်လို့မကုန် မန်းမှုတ်လို့မရနဲ့ ....

လက်ရှိဘဝတွေက
လက်မဲ့ဘဝတွေထက် ဆိုးလွန်းလှတယ်....

စိုးရိမ်စရာထက်ကျော်လွန်တဲ့
စိုးရိမ်ရေမှတ်အောက်ထဲက ဘဝတွေကို
ဘယ်လိုပြန်ဆယ်ထုတ်ရမှာလဲ.....

ကိုယ်ထူရင်း ကိုယ်နစ်နေတဲ့ခေတ်ထဲမှာ
ကိုယ့်အားထက်ပိုပြီး ကိုးကွယ်စရာမရှိတဲ့အခါ
အစိုးရဆိုတာ
အဆိုးသက်သက်ချည့်ပေးပြီး
ရသမျှထက် ပိုပြီးညှစ်ယူနေတဲ့
စစ်ယူနီဖောင်းဝတ်တဝတ် ချွတ်တဝတ်
အစွယ်ဝှက် ဘီလူးသဘက်တွေပဲဖြစ်တယ်.....

ရေဘေး လေဘေး မီးဘေး
ဘိုးဘေးဘီဘင်အဆက်ဆက်
လူတွေကိုသတ်ခဲ့တဲ့ ဘေးတွေထက်
သူခိုးဓါးပြ အစိုးရဘေးက ကုစရာဆေးမရှိဘူး....

ငါတို့ အရေးကြီးတိုင်း သွေးနီးကြသလို
သူတို့ အရေးကြီးနေတဲ့ နေရာနဲ့ အာဏာကို
နိုနန နိုင်ငံတွင်းကြီးနေတဲ့ ရေထဲထည့်မြှုပ်
ြ ပြီးရင်..ပြည်သူတွေအုပ်ချုပ်တဲ့
တရားမျှတမှုနဲ့ တိုင်းပြည်ကို မင်းလုပ်စေ.....။